ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၉
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ သရက်တပင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး လှဝေကို ၎င်း နေအိမ်၌ပင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် သေနတ်ဖြင့် ၄ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး လှဝေသည် ပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်တပ်ထံ သတင်းပေးအကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး လှဝေသည် ပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခိုင်းခြင်း၊ ပြည်သူများ၏ သတင်းကို ရယူကာ စစ်တပ်ထံ ပေးပို့ခြင်း၊ ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများကို စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးပို့ တိုင်ကြားခြင်းများကို ကျူးလွန်လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူများအပေါ် ဒုက္ခအမျိုးမျိုးပေးနေသော လှဝေအပြင် ၎င်း၏ အပေါင်းပါများလည်း ဆက်လက်ရှိနေသည်ဟု ခိုင်လုံစွာ သတင်းရရှိထားပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက် စစ်တပ်၏ ထောက်တိုင် သတင်းပေးအဖြစ် ဆက်လက်ပြုလုပ်၍ ပြည်သူများကို ဆက်လက် ဒုက္ခပေးလျှင် ပစ်ခတ် တိုက်ခိုက်သွားမည်ဟု တော်လှန်ရေး အင်အားစုများက သတိပေး ထုတ်ပြန်ထားသည်။