Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်အရ ပြည်ပရောက် အလုပ်သမားတွေ နဲ့ သင်္ဘောသားတွေ အနေနဲ့ စစ်ကောင်စီကို အခွန်မဆောင်ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။
– ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ပင်-ရပ်ကွက်မှာ နေတဲ့ ငွေကြေး ချမ်းသာသူ ဦးဒရှီလှဒွယ် မိသားစုကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတော့ တန်ဖိုးရှိ ပစ္စည်းတွေကို လုယက်ပြီး နေအိမ်ကိုပါ မိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံ ပြည်သူတွေကပြောပါတယ်။
– ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နဲ့ ပျူစောထီးတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ အုပ်ချုပ်ရေးမှုး အပါအဝင် ၄ ဦး သေသွားတဲ့အပြင် ၊ သူတို့ဆီက WY ဆေးပြားတွေပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။