ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တိုင်းရင်းသား ဒီကရီကောလိပ်တွင် ကျောင်းသားများကို ပြည်သူ့စစ်သင်တန်း ပေးနေ
ရန်ကုန်၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တိုင်းရင်းသား ဒီကရီကောလိပ်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်း ပေးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယခုအောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ထိုသို့ ကျောင်းသားများကို ပြည်သူ့စစ်သင် တန်းပေးနေခြင်းဖြစ်ကြောင်း၊ စစ်သင်တန်းပုံစံ ယူနီဖောင်း အပြည့်အစုံ၊ ဖြင့် စစ်တပ်မှ လက်နက်တပ်ဆင်ထားသော စစ်သားတစ်ဦးက ပို့ချ သင်ကြားနေခြင်းဖြစ်ကြောင်း၊ ယင်းကျောင်းအနီးတွင် စစ်တပ်က ကင်းပုန်းချထားမှုများရှိကြောင်း သိရှိရသည်။
“ကျောင်းထဲမှာ ပြည့်သူစစ်သင်တန်းဖွင့်နေတာ။ ကျောင်းသားတွေ ထင်ပါတယ်။ ကျောင်းနားမှာတော့ စစ်တပ်ကင်းပုန်းတွေလည်းချထားတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်တွင် ရှိပြီး ကျောင်းသားကျောင်းသူများကို ထိုကဲ့သို့ စစ်သင်တန်းပုံစံ ပို့ချခြင်းမှာ ပုံမှန် သင်ခန်းစာဖြစ်ကြောင်း၊ ကျောင်းတွင်လည်း စစ်စည်း ကမ်း၊ ကျောင်းစည်းကမ်းများဖြင့် နယ်ပယ်ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ်များကို ခေါ်ယူ လေ့ကျင့် သင်ကြား ဘွဲ့ပေးခြင်းဖြစ်သည်ဟု ကျောင်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။