30 C
Yangon

ပဲခူးရိုးမရှေ့တန်းတွင် စစ်မတိုက်ဘဲ နောက်တန်းပြန်လာသည့် ကပစ ၇ မှ တပ်ကြပ်ကြီး ငြိမ်းချမ်း စစ်တပ်အချုပ်ထဲတွင် စစ်ကြောရိုက်နှက်ခံရပြီး သေဆုံး

Must read

ပဲခူးရိုးမရှေ့တန်းတွင် စစ်မတိုက်ဘဲ နောက်တန်းပြန်လာသည့် ကပစ ၇ မှ တပ်ကြပ်ကြီး ငြိမ်းချမ်း စစ်တပ်အချုပ်ထဲတွင် စစ်ကြောရိုက်နှက်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်း၊ ပဲခူးရိုးမပေါ်တွင် PDF များ နှိမ်နင်းရေးအတွက် ရှေ့တန်းစေလွှတ်လိုက်သော်လည်း စစ်မတိုင်ဘဲ နောက်တန်း တပ်ရင်းသို့ ပြန်လာသည့် အမှတ် ၇ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၇)မှ တပ်ကြပ်ကြီးငြိမ်းချမ်းသည် စစ်တပ် အချုပ်ထောင်ထဲတွင် စစ်ကြော ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ပြည်မြို့နယ် အခြေစိုက် ကပစ-၇ မှ တပ်ကြပ်ကြီး ငြိမ်းချမ်းသည် ရှေ့တန်းစစ်မြေပြင်မှ စစ်မတိုက်ဘဲ မိသားစုများရှိရာ ကပစ-၇ ထဲသို့ ၎င်း၏ ဆန္ဒသဘာထားဖြင့် ပြန်လည်ရောက်ရှိလာကြောင်း၊ တပ်သို့ ရောက်ရှိသောအခါ တပ်ကြပ်ကြီး ငြိမ်းချမ်းကို ဖမ်းဆီးလိုက်ပြီး စစ်အချုပ်ထောင်ထဲတွင် စစ်ကြောရေး လုပ်ဆောင်ကြကြောင်း၊ ထိုသို့ စစ်ကြောစဉ် ရိုက်နှက်ညှဉ်းပန်းရာမှ လက်လွန်သွားသဖြင့် တပ်ကြပ်ကြီး ငြိမ်းချမ်း သတိမေ့သွားကြောင်း၊ မေ့မြောသွားသော တပ်ကြပ်ကြီး ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာမှာ ပြင်းထန်လွန်း သည့်အတွက် မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ရာ ဆေးရုံ မရောက်မီ လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တပ်ကြပ်ကြီး ငြိမ်းချမ်းက PDF စစ်ဆင်ရေး အတွက် ပဲခူးရိုးမကို လွှတ်တာမှာ စစ်မတိုက်ဘဲ ရှေ့တန်းကနေ သူ့ဟာသူ ပြန်လာတယ်။ အဲဒါ တပ်ကိုရောက်တော့ သူ့ကို အချုပ်ထဲ ထည့်ပြီး စစ်ကြောရေး လုပ်တယ်။ ရိုက်နှက်တယ်။ အဲဒီမှာ သတိမေ့သွားတယ်။ ပြည်မြို့ စစ်ဆေးရုံတင်တယ်။ မနိုင်တော့ မင်္ဂလာဒုံ စစ်ဆေးရုံကို ထပ်ပို့တယ်။ ရန်ကုန်အဝင် လမ်းမှာပဲဆုံးတယ်။ အဲဒါ အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်မှာ သဂြိုလ်ပါတယ်။ မိသားစုဝင်တွေ လိုက်သွားကြတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

သို့ရာတွင် ကပစ ၇ က တပ်ကြပ်ကြီး ငြိမ်းချမ်းသေဆုံးမှုသည် စစ်အချုပ်ထောင်တွင် စစ်ကြော ရိုက်နှက်မှုကြောင့် မဟုတ်ဘဲ အရက်ကြောင်ကြောင်၍ သေဆုံးသည်ဟု ကျန်ရစ်သူ မိသားစုကို အသိပေး အကြောင်းကြားကြောင်း သိရှိရသည်။

” တပ်ဘက် တပ်ကြပ်ကြီး ငြိမ်းချမ်း မိသားစုကို အကြောင်းကြားရာမှာတော့ အရက်ကြောင်ကြောင်လို့ဆေးရုံပို့ရာကနေ သေဆုံးတယ်ဆိုပြီး လိမ်လည်ပြောတယ်။ ရန်ကုန်မှာ မနေ့က သဂြိုလ်တယ်။ သူတို့မိသားစုနှင့်နီးစပ်ရာ ဆွေးမျိုးတွေအကုန် နာရေးတက်ကြတယ်။ တပ်ကြပ်ငြိမ်းချမ်းဟာ ပြည်မြို့နယ် ထမ်းမကောက်အုပ်စု တီတွတ်ကျေးရွာဇာတိပါ” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ရှေ့တန်းစစ်မြေပြင်များတွင် တိုက်ခိုက်ရေးတပ်များ သေဆုံးမှု များပြားနေသည့်အတွက် လက်ရုံးတပ်များဖြစ်သည့် ဆေးတပ်၊ ကပစ တပ် အပါအဝင် တိုက်ခိုက်ရေးမဟုတ်သည့် တပ်များကိုပါ ရှေ့တန်း စစ်မျက်နှာပြင်သို့ အတင်းအကျပ် စေလွှတ်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံမှ တပ်သားနှင့်အရာတချို့ကို ထုတ်လုပ်ထားသည့် စစ်ယာဉ်တစ်စီးနှင့်အတူ တွေ့ရစဉ်။( ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article