29 C
Yangon

ငွေသိန်းသောင်းချီ လိမ်လည်သွားသော KLFB အမည်ရှိ Online Game Application တွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ အခြေခံလူတန်းစားနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရ

Must read

ငွေသိန်းသောင်းချီ လိမ်လည်သွားသော KLFB အမည်ရှိ Online Game Application တွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ အခြေခံလူတန်းစားနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရ

■ KLFB Application တွင်ငွေထုတ်မရသူများ ထည့်ဝင်ထားငွေ၏ ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာထပ်မံ ထည့်သွင်းလျှင် ငွေအကုန်ထုတ်ပေးမည်ဟု ထပ်မံ လိမ်လည် ငွေထည့်ခိုင်းပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံတွင် KLFB အမည်ရှိ Online Game Application တစ်ခုက ဂိမ်းကစားသူ လူပေါင်း ၅ သိန်းဝန်းကျင်ထံမှ ငွေ သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွားနေပြီး အလိမ်ခံရသူများတွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရကြောင်း မင်းကွန်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ကျေးရွာတွေမှာ KLFB က အတော်ကို အလိမ်ခံလိုက်ရတယ်။ ဦးဇင်းတို့ မင်းကွင်းဘက်မယ် အိမ်ပေါင်၊ ယာပေါင်၊ လယ်ပေါင်ပြီးတော့ကို အဲဒီ KLFB ထဲကို ထည့်ကြတာ။ Application က ခိုင်းတဲ့အတိုင်း သူတို့ ဖန်တီးထားတဲ့ ဘောလုံးပွဲကို ဝင်လောင်းရတာ အရှုံးမရှိဘူး။ အနိုင်ပဲရှိတယ်။ တကယ့်ပြင်ပမှာက ဘောလုံးပွဲလောင်းရင် အနိုင် အရှုံးရှိတယ်။ အဲဒီ KLFB Application ထဲက သူတို့ ဖန်တီးထားတဲ့ ဘောလုံးပွဲတွေမှာက ကိုယ်က အနိုင်ချည်းပဲ။ ပထမတော့ ရတဲ့လူတွေလည်း ရကြတယ်။ ဥပမာ ၁၀ သိန်းထည့်တဲ့သူက သိန်း ၂၀ လောက်မြတ်သွားတယ်၊ ရသွားတယ်။ သူရသွားတာမြင်တော့ နောက်လူတွေက အကုန်လိုက်ထည့်ကြတာ။ အဲဒီမှာ သံဃာတွေလည်းမနေရဘူး။ မန္တလေးက ဦးဇင်းတို့ မိတ်ဆွေ သံဃာတွေလည်း ငွေရမလားဆိုပြီး ငွေတွေ ထည့်ကြတယ်။ ဦးဇင်းလည်း ၇ သိန်းပါသွားတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ကမှ ဦးဇင်းက ထည့်တာ။ တချို့ရွာကြီးတစ်ခုတည်းတင်ကို သိန်းကို ၇၀၀၀ ကျော်တယ်ပါသွားတာ။ လူတွေတင်မဟုတ်ဘူး ဘုန်းကြီးတွေပါ အလိမ်ခံရတာ။ မင်းကွန်းကျောင်းတိုက်တော့ အများကြီးပဲ ပါသွားတာ ” ဟု မင်းကွန်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

KLFB Application ကို အသုံးပြုကြရန်နှင့် ငွေရကြောင်း ဆွယ်သူများသည် ကျေးရွာများကို အဓိကထားခဲ့ကြသဖြင့် ကျေးရွာအများအပြားတွင် ယင်း Application ကို အသုံးပြုကြကြောင်း၊ အလိမ်ခံရသူများတွင်လည်း အခြေခံလူတန်းစားနှင့် ကျေးလက်ဒေသများမှ အများဆုံးဖြစ်ကြောင်း ပြောဆိုကြသည်။

“ရှေ့ကလူတွေကတော့ ရလိုက်ကြတယ်။ ၃ သိန်းထည့်တဲ့သူတောင် ၁၀ သိန်းလောက်ရတယ်။ အဲဒါ လိုက်ဆွယ်ကြတော့။ ခေါင်းဆောင်တွေက ဂျက်နဲ့ ထွန်းလင်းဆိုလားပဲ။ အခုက ဒေါ်လာထပ်ထည့်ခိုင်းတယ်။ အခု ထုတ်မရတဲ့ငွေတွေ ထပ်ပြီး ငွေထုတ်ချင်ရင် ၁၀ ဒေါ်လာ ထည့်ရမယ်ဆိုပြီး စာပို့တယ်” ဟု ရန်ကုန်မှ KLFB Application တွင် ငွေလိမ်ခံနေရသူက ပြောဆိုသည်။

KLFB Online Game Application တွင် နေ့စဉ် ဘောလုံးပွဲ ၃ ပွဲ ဖန်တီးထားပြီး မနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညပိုင်း ဘောလုံးပွဲများရှိကြောင်း၊ ဘောလုံးပွဲများတွင် ၎င်းတို့ ညွှန်ကြားသည့်အတိုင်း လောင်းရုံဖြင့်ပင် ထိုးကြေးများကို ချက်ချင်း ပြန်လည် ပေးလျှော်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ညွှန်ကြားသည့်အတိုင်း လောင်းကြေး တင်လျှင် မည်သည့်အရှုံးမှ မရှိဘဲ အနိုင်ရပြီး လျှော်ကြေးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ KLFB Application ၏ ခေါင်းဆောင် Jack Wilson က တယ်လီဂရမ်မှတစ်ဆင့် ငွေထုတ်မရသူများကို ထည့်ဝင်ထားငွေ၏ ၅ ရာခိုင်နှုန်းကို ဒေါ်လာများ ထည့်သွင်းလျှင် ငွေထုတ်ပေးမည်ဟု တယ်လီဂရမ်သတင်းစကားများ ပေးပို့နေကြောင်း သိရှိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့မှ စ၍ KLFB Online Game Application အတွင်း ထည့်သွင်းထားသော Accounts များရှိ အပ်ငွေ၊ သွင်းငွေနှင့် ကစားသည့် ငွေကြေးများ အားလုံးကို ထုတ်ယူ၍ မရတော့ခြင်းဖြစ်ကြောင်း ငွေထုတ်ယူ၍ မရတော့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“တစ်သိန်းရင်းနှီးမြှုပ်နှံမယ်ဆို တစ်နေ့ကို ၃ ဒသမ ၈ ရာခိုင်နှုန်းပေးတယ်။ အရင်ကတော့ ပိုက်ဆံထုတ်လို့ရတယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စပြီးတော့ ပိုက်ဆံထုတ်လို့မရဖြစ်နေတာ။ Game နဲ့ ဘောလုံးလောင်းခိုင်းတယ်။ Telegram မှာ Group လုပ်ထားတယ်။ သူတို့ပြောတဲ့ နံပါတ်ကို လောင်းပေးရတယ်။ အရှုံးမရှိဘူး။ အခု ဘာပြောလဲဆိုတော့ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံ ၁၀ သိန်းရှိရင် ၁၀ ရဲ့ ၅ ရာခိုင်နှုန်း ပြန်ထည့်ပေးမှ ကိုယ့်အကောင့်က ပိုက်ဆံထုတ်လို့ရမယ်။ အချိန် ၄၈ နာရီပေးထားတယ်။ ၄၈ နာရီအတွင်းမှ မထည့်ရင် အကောင့်ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB App တွင် ငွေသွင်းထားသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ KLFB Application တွင် အသုံးပြုသူများသည် KBZ အကောင့်များကိုသာ အသုံးပြု၍ ငွေသွင်း ငွေထုတ်ပြုလုပ်ရပြီး အဆိုပါ KBZ အကောင့်များမှာ အကောင့်အမျိုးမျိုးပြောင်းလဲနေကြောင်း သိရှိရသည်။

“တချို့လူတွေက ပြောကြတယ်။ KBZ ဘဏ်က ဒီ ဂိမ်းနဲ့ ဆက်စပ်နေတာ။ ပိုက်ဆံက KBZ Pay နဲ့ KBZ Special Account နဲ့ပဲ ထည့်ခိုင်းတယ်။ တခြားဘဏ်နဲ့ ထည့်လို့လည်း မရဘူး။ ထုတ်လို့လည်း မရဘူး” ဟု KLFB Application တွင် ငွေလိမ်ခံရသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

KLFB Application တွင် KBZ အကောင့်အမျိုးမျိုးအသုံးပြု၍ ငွေကြေးလိမ်လည်သူများ၏ အကောင့်များကို KLFB App အသုံးပြုသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပေးပို့ထားပြီး အဆိုပါ KBZ အကောင့်များမှာ –

1. 09789965868 La Min

2. 09989241634 Maung myat ko ko myint

3. 09759642889 AUNG SU MAY

4. 09790778479 May Ei Soe

5. 09784116382 Khin Myo Tint

6. 09788750637 Daw Myint Yi

7. 09755591457 Khaing mar win

8. 09795682610 Khin Maung Aye

9. 09754551448 Hla Htay Myint

10. 09796276382 Ma Khin.saw maw

11.09792767794 Ma Thant Thant Aung

12. 09770578699 Ei Ei Hlaing

13.09784140219 San Dar Moe

14. 09766197901 Nay Myo Zaw

15.09757344973 U Tun Win

16. 09772950218 Ma Khaing

17. 09757089227 Win Nu War

18. 09782803051 Aye Kyi Ma

19.09668276258 Ja Tawng Nue

20. 09768498054 Daw Phyu Phyu Win

21. 09775991554 Daw Nyo Khaing

22.09674884553 U Than Htwe Oo

23. 09758142480 May Thu zaw

24. 09784872596 Mg kan win

25. 09754002767 Ma Shwe Ya Hmong Thaw

26. 09784851667 Thwe Thwe Soe

27.09771699627 Tin Maung Oo

28.09784866882 Ma San Maw

29.09784892642 Khin Than Htay

30.09267090688 U Yaw Na Than kbz bank Ac – 00851100802751901

31.00830100802751901 ,Phone Myint Kyaw 02151102106983201

32. 02130102106983201 ,Hla Theingi Win 00951100902040401

33. 00930100902040401, Daw Khin Aye Chan

စသည့်အကောင့်များ ဖြစ်ကြပြီး အဆိုပါ အကောင့်များအပြင် အခြားအကောင့်များလည်း ရှိသေးကြောင်း သိရှိရသည်။

KLFB Application ကို ထိန်းချုပ်ထားသူများမှာ မည်သူများဖြစ်သည်ကို အဆိုပါ Application သုံးစွဲသူများ မသိရှိကြဘဲ လောက်ကိုင်မြို့တွင် အခြေစိုက်ထားသည်ဟုသာ ကြားသိရပြီး လတ်တလောတွင် ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးသွားသည်ဟူ၍လည်း ကြားသိရကြောင်း KLFB Application သုံးစွဲသူများက ပြောကြားသည်။

KLFB သုံးစွဲသူများအနေနှင့် ငွေကြေးလိမ်လည်သွားသူများ၏ KBZ အကောင့်နှင့် KPay များကို ၎င်းတို့ ငွေထုတ်၍ မပြေးမီ အမြန်ဆုံး ပိတ်ပေးစေလိုကြောင်း၊ KBZ ဘဏ်၏ တရားဝင်ဘဏ်စာမျက်နှာသို့ KLFB နှင့် ပတ်သက်၍ စာပို့မေးမြန်းသော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဘဲ သတိထားရန်သာ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article