Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မြောင်းမြ-မြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ဖို့ ကြံစည်မှုဟာ မြို့နယ်စစ်ကောင်စီရဲ့ ကြားဝင်မှုကြောင့် သိန်း ၃၀ လျှော်ကြေးနဲ့ အမှုပိတ်သွားပြီး ၊ ညှိနှိုင်းပေးတဲ့ ရပ်ကွက်နဲ့ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်တွေကလည်း နောက်ထပ် သိန်း ၂၀ ယူပြီး အမှုပြီးသွား တယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
– ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းက တိုင်းရင်းသား ဒီကရီကောလိပ်မှာ အကြမ်းဖက် စစ်တပ်က ကျောင်းသားတွေကို ပြည်သူ့စစ် သင်တန်း ပေးနေတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။
-ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီး လှဝေ ဆိုသိူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်းပြီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။