29 C
Yangon

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် စင်ကာပူ အစိုးရကို ဖိအားပေးမည့် ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှု ပြုလုပ်မည်

Must read

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် စင်ကာပူ အစိုးရကို ဖိအားပေးမည့် ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှု ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာ အကြမ်းဖက် စစ်ကောင်စီကို ရောင်းချနေသော လက်နက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အသုံးပြုခွင့်များ ပိတ်ဆို့ကန့်သတ်နိုင်ရေးအတွက် စင်ကာပူအစိုးရကို ဖိအားပေးမည့် ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှုများကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Blood Money- သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

စင်ကာပူအစိုးရကို ဖိအားပေးသော လှုပ်ရှားမှုများကို Online နှင့် မြေပြင် ဟန်ချက်ညီညီလုပ်ဆောင်သွားရန်ရှိပြီး တော်လှန်ပြည်သူများ အနေနှင့် အွန်လိုင်းမှ ဖြစ်စေ ၊ မြေပြင်မှ ဖြစ်စေ တတ်နိုင်သည့် အပိုင်းမှ ထိရောက်စွာပူးပေါင်းပါဝင်ပေးကြပါရန် ကြေညာချက်တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်ကို တတိယအကြီးဆုံး လက်နက်ရောင်းချနေသည့် နိုင်ငံဖြစ်သည့်အပြင် ဘဏ္ဍာရေး ဗဟိုချက်လည်း ဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုသည် အဆိုပါအရင်းအမြစ်များ အသုံးပြု၍ နေ့စဉ်နှင့်အမျှဆိုသလိုပင် အရပ်သားပြည်သူများကိုသတ်ဖြတ်လျက်ရှိနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စင်ကာပူနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့နေသော လက်နက်နှင့် ငွေကြေးလမ်းကြောင်းများအား ပိတ်ဆို့နိုင်ပါက စစ်အာဏာရှင် တော်လှန်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုလည်းသက်သာလာမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပတော်လှန်ရေး အဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ နှင့် ပြည်သူလူထုတို့ စုပေါင်း၍ စင်ကာပူအစိုး ကို ဖိအားပေးရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကြမ်းဖက်စစ်တပ်မှ မတရား အာဏာလုသည့် ရက် ၁၀၀၀ ပြည့်မည့်နေ့ ဖြစ်သည့် အောက်တိုဘာ ၂၉ တွင် စင်ကာပူအစိုးရသို့ စာပို့သွားမည် ဖြစ်ပြီး ပြည်သူများအနေနှင့် လက်မှတ်ထိုး၍ ပါဝင်နိုင်ဖြစ်ကြောင်း ၊ လက်မှတ်ထိုးပါဝင်လိုပါက

https://actionnetwork.org/…/c3fbe2d39f1663281b48a93e6c2… တွင် ဝင်ရောက် လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article