30 C
Yangon

မင်းလှ၊ ဖြူးနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

မင်းလှ၊ ဖြူးနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ပတ်ကွေ့ကြီး အဆင်းလမ်းဘေးရှိ ဧက ၂၀၀ ကျွန်းစိုက်ခင်းအတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇော်ကြီးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာဘက်မှ ပြည် သူ ၆ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းကာ ပြုလုပ်ကာ စစ်ကြောင်းထိုးလာသော အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာရရှိသူများကို အမိအရ ဆွဲထုတ် သယ်ဆောင်ကာ ခြေဦးတည်ရာထွက်ပြေးသွားကြောင်း သိရသည်။

“ပြည်သူတွေကို ဘယ်က ဖမ်းလာတာလဲတော့ မသိဘူးဗျ၊ တောထဲ အလုပ်လုပ်ဖို့ တက်လာတဲ့သူတွေ ဖြစ်မယ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းလာကြပုံပဲ၊ တိုက်ပွဲဖြစ်တော့ လွတ်ကုန်ကြတာလားမသိဘူး၊ ဒဏ်ရာရတဲ့ စစ်ခွေးကို အမိအရ သယ်ပြီး ထွက်ပြေးကြတာ၊ လိုက်တော့ ပစ်သေးတယ်၊ ဒဏ်ရာရတဲ့ ကောင်က သေမယ်ထင်တယ်၊ ခြေဦးတည်ရာပြေးကြတာ၊ သေမှာ အရမ်းကြောက်နေကြတာ၊ တိုက်ပွဲ တွေထပ်ဖြစ်လာနိုင်လို့ ပြည်သူတွေ ရိုးမထဲကို မလာဖို့ သတိပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇော်ကြီးက ရန်ကုန်ခေတ် သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့၊ အမှတ် ၁၀ ထူထောင်ရေး ရပ်ကွက်အတွင်း၌ ပြည်သူပိုင်ကား ၁ စီးကို လိုက်လံ ငွေတောင်းနေသည့် ရဲ ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့ အမှတ် ၂ ကျောင်းထဲ၌ တပ်စွဲ ထားသော ရဲ ၁ ဦးသည် မြို့တွင်း ဖြတ်သန်းသွားလာနေသော ဆိုက်တွဲတစ်စီးကို ယူနီဖောင်းဝတ်လျက် စီးနင်းက လိုက်လံ ငွေတောင်းခံနေစဥ် ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရဲဘော်က သွားရင်းရည်ရွယ်ချက်တော့ တခြားမစ်ရှင်တစ်ခုလုပ်ဖို့ သွားတာ၊ မစ်ရှင်က မလုပ် ဖြစ်တော့ ပြန်လာတဲ့အချိန် အဲဒီရဲက ယူနီဖောင်းကြီးနဲ့ ဆိုက်တွဲတစ်စီးနောက်ကနေ လိုက်နှောက်ယှက် ငွေတောင်းနေတာတွေ့လို့ တစ်ခါတည်း ပစ်ခတ်ရှင်းလင်းခဲ့လိုက်တာ၊ တခြားနောက်ကလိုက်လာတဲ့ ရဲ တွေက လိုက်ပစ်လို့ မနည်းထွက်ပြေးခဲ့ရတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရွာအနီးရှိ စစ်သားများ တပ်စွဲထားသော ဂိတ်စခန်း ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး တစ် ပွင့်ဗိုလ်တစ် ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း – တောင်ပိုင်းတိုင်းထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ရိုးမစစ်ကြောင်း ၂ နှင့် ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ တဗဟ ၆ မှ စစ်သား ၁ ဦးသေဆုံးပြီး ဖြူးမြို့နယ် အခြေ စိုက် ၃၀၆ တပ်မှ တစ်ပွင့်ဗိုလ် ခင်မောင်ဝင်း ဦးခေါင်းပြင်းထန်ဒဏ်ရာ နှင့် တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာနှင့် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article