25 C
Yangon

မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးသော NCO အကြပ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်

Must read

ရန်ကုန်၊ မေ ၁၇

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးသော NCO အကြပ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအလံကို ဦးညွှတ်အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခြင်း၊ KIA စစ်ဦးစီးချုပ်၊ အမှတ် (၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ခြင်း အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁) မိနစ် ငြိမ်သက်ခြင်း၊ ကာကွယ်ရေးဝန်ကြီး၏ သဝဏ်လွှာ ဖတ်ကြားခြင်း၊ မိန့်ခွန်း ပြောကြားခြင်း၊ သင်တန်းဆင်းလတ်မှတ်များ ပေးအပ်ခြင်း၊ ထူးချွန်ဆုရ သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း အမှာစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးသီချင်းများ သံပြိုင်သီဆိုခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article