25 C
Yangon

စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်နှင့်ဇနီး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးမောင်မောင် ဒဏ် ရာရ ၊ လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အသတ်ခံရသည့် ဧမြ၀တီရပ်ကွက်အုပ် ချုပ်ရေးမှူးနေရာအစားထိုးဝင်သည့် ပျူစောထီး မောင်မောင်နှင့်ဇနီး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးမောင်မောင် အပြင်း အထန်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မေလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်(ခ)လှသန်းဌေး၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာမှ အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေး၏ ဇနီး လှလှဝင်း ပွဲချင်းပြီး သေဆုံးကြောင်း၊ အုပ်ချုပ်ရေးမှူး အသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေးမှာဒဏ်ရာ အပြင်းအထန်ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ပျူစောထီးမောင်မောင်(ခ) လှသန်းဌေး ကိုင်ဆောင်သည့် BA-63 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့်တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ပထမ အုပ်ကြီး ဦးသောင်းရွှေ အသတ်ခံရတုန်းက မောင်မောင်(ခ) လှသန်းဌေးက ပျူစောထီးလုပ်နေတာ။ အခုတော့ အုပ်ကြီးအသစ်အဖြစ် တက်လုပ်တာ ရက်ပိုင်းပဲရှိသေးတယ်။ သူက အရန်မီးသတ်လည်းလုပ်တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု ဧမြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေး မတိုင်မီ ဧမြဝတီရပ် ကွက် အုပ်ချုပ်ရေးမှူး သောင်းရွှေမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇ ရက် ညနေပိုင်း ရပ်ကွက်ဓမ္မာရုံတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article