30 C
Yangon

မော်လိုက်တွင် စစ်အုပ်စု၏ ဖလပ်သင်္ဘော ၁ စီး သောင်တင်နေမှုကို ပြန်လည်ဆယ်ယူရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ PDF ၏ ပစ်ခတ်မှုကြောင့် အခြား ဖလပ်သင်္ဘော ၁ စီး မီးလောင်ပျက်စီး

Must read

မော်လိုက်တွင် စစ်အုပ်စု၏ ဖလပ်သင်္ဘော ၁ စီး သောင်တင်နေမှုကို ပြန်လည်ဆယ်ယူရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ PDF ၏ ပစ်ခတ်မှုကြောင့် အခြား ဖလပ်သင်္ဘော ၁ စီး မီးလောင်ပျက်စီး

■ အထိနာသော စစ်တပ်က သောင်တင်နေသော ဖလပ်သင်္ဘော ၁ စီးကိုလုံး၀ စွန့်ခွာပြီး ထွက်ပြေးသွား

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်အုပ်စု၏ ဖလပ်သင်္ဘော ၁ စီး သောင်တင်နေမှုကို ပြန်လည်ဆယ်ယူရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ဖောင်းပြင်မြို့မှ စုန်ဆင်းလာသော စစ်တပ်၏ သစ်တင် ဖလပ် သင်္ဘော ၇ စီးအုပ်စုသည် မော်လိုက်မြို့နယ် သဝန်မှုံကြီးကျေးရွာ ရေလက်ကြားအရောက်အတွင် ဖလပ် သင်္ဘော ၁ စီး သောင်တင်သွားခဲ့ကြောင်း၊ အဆိုပါ သောင်တင်သွားသော ဖလပ်သင်္ဘောကို ပြန်လည် ဆယ်ယူရန်နှင့် ရေချရန် ကြိုးစားခဲ့ကြောင်း၊ ကျန် ဖလပ်သင်္ဘော ၆ စီးကို မော်လိုက်မြို့နယ်၊ သဝန်မှုံကြီးကျေးရွာ တောင်ပေါက်နေရာတွင် ဆိုက်ကပ်ထားခဲ့ကြောင်း သိရှိရသည်။

သောင်တင်နေသော ဖလက်သင်္ဘော ၁ စီးကို ဆယ်ယူရန် ကြိုးစားနေသော စစ်တပ်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် သဝန်ကျေးရွာဘက်သို့ တက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သဝန်မှုံကြီးကျေးရွာ၊ တောင်ပေါက်နေရာတွင် ရပ်နားထားသည့် ဖလပ်သင်္ဘော ၆ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း၊ ဖလပ်သင်္ဘော ၁ စီးလည်း မီးလောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာသွားသော စစ်တပ်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် လက်နက်ကြီးထိ၍ မီးလောင်ပျက်စီးနေသော ဖလပ်သင်္ဘော ၁ စီးကို နောက်တွန်း သင်္ဘောဖြင့် တွန်းပြီး ကျန် ဖလပ်သင်္ဘော ၅ စီးနှင့်အတူ မော်လိုက်မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ သောင်တင်နေသော ဖလပ်သင်္ဘောကို လုံး၀ ပြန်လည် ဆယ်ယူခြင်းမပြုတော့ဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အထိနာသော စစ်တပ်က သောင်တင်နေသော ဖလပ်သင်္ဘော ၁ စီးကိုလုံး၀ စွန့်ခွာပြီး ထွက်ပြေးသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article