31 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာရှိတဲ့ ပျူစောထီးတွေ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ၊ ရွှေ ငွေ ပစ္စည်းတွေအပါအဝင် အစားအသောက်တွေပါ ယူသွားတယ်လို့ ပျူစောထီးအဖွဲ့ဝင်တွေက ရန်ကုန်ခေတ်သစ်ကို‌ ပြောပါတယ်။

– မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ က အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်သမျှ ကာလပတ်လုံး ပြည်သူတွေ ပိုမိုသတ်ဖြတ်ခံနေရမှာဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေး ယူမှု တွေကို မဆိုင်းမတွ ချမှတ်ဖို့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

– အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း အရပ်သား ပြည်သူ ၇၂ ဦးသေဆုံးခဲ့ရသလို ၊ တစ်ရက်ကို ၂ ကြိမ်နှုန်းနဲ့ အကြမ်းဖက် စစ်တပ်က လေကြောင်း အသုံးပြု တိုက်ခိုက်နေတယ်လို့ ဉာဏ်လင်းသစ် – Analytica အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article