28 C
Yangon

KIA က သိမ်းပိုက်ထားသော စခန်းများ ပြန်လည် ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေဟု ကြေညာပြီးနောက် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်းကို သွားရောက် ကြည့်ရှု

Must read

KIA က သိမ်းပိုက်ထားသော စခန်းများ ပြန်လည် ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေဟု ကြေညာပြီးနောက် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်းကို သွားရောက် ကြည့်ရှု

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထားသော စစ်စခန်းများ ပြန်လည်ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေသည်ဟု ကြေညာပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်း (လဲလုံစခန်း) ကို သွားရောက်ကြည့်ရှုကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီ၏ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း ကြေညာချက်တွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ နမ့်ကွတ်စခန်း ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ လဲလုံစခန်း(အောင်ဂျာစခန်း) ကို ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်ဂျာစခန်း (လဲလုံစခန်း) ကို KIA က သိမ်းပိုက်သွားကြောင်း ၊ စခန်းများ ပြန်လည် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA သိမ်းပိုက်ထားသော အောင်ဂျာ စစ်တပ်စခန်းကို သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာစစ်တပ်စခန်းသည် အခိုင်အမာ ကတုတ်ကျင်းများ တူး ၍ တည်ဆောက်ထားသော စစ်စခန်းဖြစ်ပြီး ၄ လတာ KIA က တိုက်ခိုက်ခဲ့ရသော စခန်းလည်းဖြစ်ကြောင်း သိရှိရသည်။

KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကမူ ရှေ့တန်းရဲဘော်များကို အားပေးရန်အတွက် အောင်ဂျာစခန်းသို့ သွားရောက်ခဲ့ကြောင်း သူ၏ လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တရားဝင် ရေးသားဖော်ပြခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article