28 C
Yangon

သရက်ချောင်းမြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

သရက်ချောင်းမြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့မ ရဲစခန်းကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော် အချိန်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း (ပကဖ) အဖွဲ့နှင့် ဒေသခံများက ပြောသည်။

အဆိုပါ သရက်ချောင်းမြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် တိုက်ခိုက် အချိန်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ အကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

“ပစ်ခတ်မှု ဖြစ်တဲ့ အချိန်မှာ နှစ်ဖက် ထိခိုက်မှုကို မသိရသေးဘူး။ ဒါပေမယ့် အရပ်သား နှစ်ဦး ထိခိုက်မှု ရှိတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။

ယင်း သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် အသက်ကြီးပိုင် အမျိုးသား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး မည့်သည့် အဖွဲ့ ပစ်ခတ်ခဲ့သည်ကိုမှု ကြောင်း မသိရှိကြောင်း ဒေသခံများက ပြောသည်။

“အမျိုးသမီးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ သူမှာက သေနတ်ကျဉ် နှစ်ချက် ထိတယ်။ နှစ်ယောက်စလုံးကို ဆေးရုံပို့ထားတယ်။ ဘယ်က ပစ်လို့ ထိတယ်ဆိုတာတော့ မသိဘူး”ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦး က ပြောသည်။

ထိုသို့ ယင်း ရဲစခန်းအား တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ရှိခဲ့ပြီး ရဲစခန်း အနီး နေထိုင်သည့် ဒေသခံများသည် နေအိမ် အောက်ထပ်တွင် ပုန်းခိုးနေရပြီး နေအိမ်များထဲကို သေနတ် ကျဉ်ခွံများလည်း ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုအပြင် ယင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရး အဖွဲ့က ပစ်မှတ်ထားပြီး သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မကြာခင် သတင်း ထုတ်ပြန်မည်ဟု မြို့နယ် (ပကဖ) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားသည်။

ရဲစခန်းအား တိုက်ခိုက်ခံရပြီး နောက် ယနေ့ နံနက်ပိုင်းက စစ်ဆေးမှု အနည်းငယ် ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပုံမှန် အတိုင်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article