30 C
Yangon

မုံရွာမြို့၌ လဝကရုံးဟောင်းထဲမှ ဈေးဝယ်ထွက်လာသော စစ်သား ၄ ဦးကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မုံရွာမြို့၌ လဝကရုံးဟောင်းထဲမှ ဈေးဝယ်ထွက်လာသော စစ်သား ၄ ဦးကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လဝက ရုံးဟောင်းအတွင်းမှ ဈေးဝယ်ထွက်လာသော အကြမ်းဖက်စစ်သား ၄ ဦး ကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်အချိန် မုံရွာ -အမြင့်လမ်းထိပ်၊ လဝက ရုံး ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းအတွင်းမှ စစ်သား ၃ ဦး၊ စစ်မေ ၁ ဦး စုစုပေါင်း ၄ ဦး ဈေးဝယ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက်ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ကျန် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယူနီဖောင်းတော့မပါဘူးဗျ၊ လက်နက်ပဲ ပါတယ်၊ ကျနော်တို့ဝင်ပစ်တဲ့နေရာက ဂိတ်နဲ့ ကပ်ကပ်လေး ၊ ဂိတ်ထဲကနေ ပစ်ခတ်ပြီး စစ်ကူတန်းရောက်လာတာ၊ အနီးအနားရပ်ကွက်ထဲက စတိုးဆိုင်ကို ဈေးဝယ် ထွက်လာတာပါ၊ သေတဲ့အထဲမှာတော့ အမျိုးသမီးမပါဘူး၊ စစ်သား ၂ ဦးပဲသေတယ်၊ စစ်ခွေးတွေဘက် က ရမ်းသမ်းပစ်ခတ်လို့ လူငယ်တစ်ယောက်ခြေထောက်ထိမှန်ဒဏ်ရာရတယ်၊ ပြီးတော့ အနီးအနားက ပြည်သူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်ဗျ” ဟု Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ)နှင့် Ka Naung Min Thar Gyi(Monywa) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲများ အရှိန်မြှင့် လုပ် ဆောင် နိုင်ရန်အတွက် မိဘပြည်သူများမှ တက်နိုင်သမျှ ထောက်ပံ့ကူညီပေးကြပါရန် Golden Eagle Force – Monywa တပ်ဖွဲ့မှထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article