30 C
Yangon

Breaking News- ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့ တွင် စစ်တပ်တပ်စွဲနေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ချိန်တည်းဝင်တိုက်နေ

Must read

Breaking News- ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့ တွင် စစ်တပ်တပ်စွဲနေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ချိန်တည်းဝင်တိုက်နေ

■ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များနှင့် စစ်တပ် နေရာပေါင်းစုံကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့တွင် စစ်တပ်တပ်စွဲနေရာများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ချိန်တည်းဝင်တိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး စစ်တပ် တပ်စွဲရာ နေရာများ၊ တိုးဂိတ်များ၊ ရဲကင်းစခန်းများ၊ မြို့အထိုင်တပ်များ၊ ရဲစခန်းများ အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း တော်လှန်ရေး အင်အားစုများအားလုံးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်တာ။ လားရှို့မြို့အဝင်အထွက်တွေလည်း ပိတ်ထားရတယ်။ တံတားတွေလည်း ပိတ်ထားပြီ။ ဟိုပိတ်တိုးဂိတ်လည်း အပစ်ခံရတယ်။ လားရှိုး၊ လောက်ကိုင်၊ သိန္နီ၊ ချင်းရွှေဟော် နမ့်ခမ်း အဲဒီဘက်က သူငယ်ချင်းတွေအားလုံးဆီကလည်း ကြားတာက သူတို့ဆီမှာလည်း တပ်တွေ အကုန်လုံး ဝင်တိုက်ခံနေရတယ်ပြောတယ်။ တစ်ချိန်တည်း ဒီမနက်ပိုင်းမှာ တစ်ပြိုင်နက်တည်းဖြစ်တာ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ နမ့်ခမ်းတွင်လည်း မြို့စောင့် တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ပြည်သူများနေထိုင်ရာ နေရာများဆီသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရသည်။

“နမ့်ခမ်းမှာတော့ မနက် ၅ နာရီလောက်မှာ ပစ်ခတ်မှုတွေ အရမ်းကို ဆိုးလာတယ်။ ကလေးတချို့တွေလည်း ထိကုန်တယ်။ ” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောဆိုသည်။

ချင်းရွှေဟော်တွင်မူ စစ်တပ်၏ မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံက သိမ်းပိုက်လိုက်ပြီး စစ်သားနှင့်ရဲများအားလုံး သေဆုံးသူများ၊ ထွက်ပြေးသူများ များပြားကြောင်း၊ ရဲကင်းများမှလည်း စစ်သားနှင့် ရဲများ ထွက်ပြေးကြကြောင်း သိရှိရသည်။

လက်ရှိ လောက်ကိုင်မြို့ပေါ်တွင်လည်း ပစ်ခတ်သံများကြားနေရပြီး ပြည်သူအများစုမှာ နေအိမ်များထဲတွင် ပုန်းအောင်းနေရကြောင်း သိရှိရသည်။

(အချိန်နှင့်တပြေးညီ စစ်ရေးနှင့် တိုက်ပွဲသတင်းများကို တင်ဆက်ပါမည်။)

ဓာတ်ပုံ- လားရှိုးမြို့နယ်၊ ဟိုပိတ်တိုးဂိတ် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article