38 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် ဖိလစ်ပိုင်တွင် တရားစွဲဆိုထားမှု အပေါ် ဖိလစ်ပိုင်တရားရေးဝန်ကြီးက သုံးသပ်နေပြီး သက်သေအထောက်အထား ခိုင်လုံလျှင် မြန်မာစစ်ခေါင်းဆောင်များ ဖြေရှင်းရမည်

Must read

မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် ဖိလစ်ပိုင်တွင် တရားစွဲဆိုထားမှု အပေါ် ဖိလစ်ပိုင်တရားရေးဝန်ကြီးက သုံးသပ်နေပြီး သက်သေအထောက်အထား ခိုင်လုံလျှင် မြန်မာစစ်ခေါင်းဆောင်များ ဖြေရှင်းရမည်

ရန်ကုန်၊ အောက်တိုဘာ ၂၇

အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးတို့ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုထားမှု အပေါ် ဖိလစ်ပိုင်တရားရေးဝန်ကြီး Jesus Crispin C. Remullaက သုံးသပ်နေပြီး အမှုတွင် သက်သေ အထောက်အထားခိုင်လုံလျှင် စွပ်စွဲခံရသူများအနေ ဖြင့် ရင်ဆိုင်ဖြေရှင်းရန် တောင်းဆိုမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးက ဖိလစ်ပိုင်သတင်းဌာနများထံသို့ ထုတ်ဖော်ပြောဆိုထားသည်။

ချင်းပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာစစ်ခေါင်းဆောင်များနှင့်စစ်အရာရှိကြီး တိုင်ကြားထားသော တိုင်ကြားစာအပေါ် တရားရေးဌာန (DOJ) မှ တရားရေးဝန်ကြီး Jesus Crispin C. Remulla က အကဲဖြတ်မည်ဖြစ်ကြောင်း၊ တိုင်ကြားချက်များသည် သက်သေ အထောက် အထား လုံလောက်ပါက စွပ်စွဲခံရသူများအနေဖြင့် အမှုရင်ဆိုင်ဖြေရှင်းရန် တောင်းဆိုမည်ဖြစ်ကြောင်း ဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

အောက်တိုဘာ ၂၅ ရက် တွင် မြန်မာနိုင်ငံသားငါးဦးသည် ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာန သို့သွားရောက်ကာ စစ်ရာဇဝတ်မှုပုဒ်မများ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အခြားရာဇဝတ်မှုများဆိုင်ရာ ဖိလစ်ပိုင်အက်ဥပဒေများအရ မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီး ၁၀ ဦးအပေါ် တရားစွဲဆို အမှုဖွင့် လျှောက်ထားကြခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူများတွင် အကြမ်းဖက် မင်းအောင်လှိုင်၊ ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာ Vung Suang Thang၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကစထမှူး ၁ ဒုဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဗိုလ်ချုပ် ဖြိုးသန့်၊ ဗိုလ်ချုပ် သန်းထိုက်၊ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ဗိုလ်မှူးကြီး စောထွန်း၊ ဒုရဲမှူးကြီး မျိုးဇင်ထွန်း၊ နှင့် ဗိုလ်မှူးနေမျိုးဦးတို့ပါဝင်ကြောင်း သိရှိရသည်။

တိုင်ကြားသူအားလုံးမှာ ချင်းပြည်နယ် ထန်တလန်မြို့မှ ပြည်သူ ၅ ဦးဖြစ်ပြီး နိုင်ငံတကာဥပဒေစင်တာ (CenterLaw) မှ ဖိလစ်ပိုင်ရှေ့နေများက အမှုကို လိုက်ပါကူညီနေကြကြောင်း သိရှိရသည်။

ဖိလစ်ပိုင် တရားရေးဝန်ကြီးက Remulla က “တိုင်ကြားချက်ဟာ ဖိလစ်ပိုင် တရားစီရင်ပိုင်ခွင့်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမှာ ကုလသမဂ္ဂ လက်အောက်ခံ ဥပဒေ ၊ နိုင်ငံတကာ ဥပဒေ စိုးမိုးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် များ ပါဝင်ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ နိုင်ငံတိုင်းဟာ ကမ္ဘာပေါ်ရှိ လူတိုင်းကိုကာကွယ်စောင့်ရှောက်ဖို့ တာဝန် ရှိပါတယ်” ဟု ထောက်ပြသည်။

(မူရင်းသတင်းကို https://mb.com.ph/…/doj-to-evaluate-war-crimes-raps-vs… တွင် ဖတ်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article