28 C
Yangon

Breaking News-ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ အများအပြားသေဆုံးပြီး ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျ

Must read

Breaking News-ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ အများအပြားသေဆုံးပြီး ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျ

■ လားရှိုးဘက်မှ ချင်းရွှေဟော်ဘက်သို့ စစ်ကူ စစ်ကားများ တက်လာ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက် ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြားသေဆုံးပြီး အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီဖြစ်ကြောင်း သိရှိရသည်။

“ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ရုံးတော့ ပြာကျသွားပြီ။ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး အသေများတယ်။ ရဲတွေရော စစ်သားတွေရောပဲ။” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့အနီးရှိ စစ်ကောင်စီ ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ချင်းရွှေဟော်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ချင်းရွှေဟော်ဖောင်ဆိပ်စခန်းကိုတော့ သိမ်းလိုက်ပြီ။ အကုန်သိမ်းလိုက်တာ။ စစ်ခွေးတွေ သေတာများတယ်။ မြို့ထဲမှာ ပစ်ခတ်မှု တချို့ဖြစ်နေတယ်။ ချင်းရွှေဟော်မြို့က ပြည်သူတွေက ဝ ပြည် နမ့်တစ်မြို့ဘက်ကို ပြေးနေကြတယ်။ ချင်းရွှေဟော် ဖောင်ဆိပ်စခန်းက ချင်းရွှေဟော်မြို့နဲ့ဆိုရင် ၄ မိုင်လောက်ပဲ ဝေးတယ်” ဟု‌ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းရွှေဟော်မြို့ထဲတွင်လည်း ပစ်ခတ်မှုများ ယခု သတင်းရေးသားအချိန်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် လားရှိုးဘက်မှ ချင်းရွှေဟော်ဘက်သို့ စစ်ကူ သံချပ်ကာကားများနှင့် စစ်ကားတန်းများ တက်လာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်းစခန်း တိုက်ပွဲတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်းစခန်း တိုက်ပွဲတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article