28 C
Yangon

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး စစ်ရေး ကြေညာ ချက်ကို မန္တလေး PDF ကြိုဆို ထောက်ခံပြီး တောင်သမန် စစ်ဆင်ရေးဖြင့် စစ်အာဏာရှင် ချေမှုန်းရေးတွင် ပါဝင်မည်ဟု ကြေညာ

Must read

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး စစ်ရေး ကြေညာ ချက်ကို မန္တလေး PDF ကြိုဆို ထောက်ခံပြီး တောင်သမန် စစ်ဆင်ရေးဖြင့် စစ်အာဏာရှင် ချေမှုန်းရေးတွင် ပါဝင်မည်ဟု ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ မြန်မာနိုင်ငံ ရှမ်းပြည် နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် စစ်ရေးကော်မတီ တို့၏ နိုင်ငံရေး စစ်ရေးကြေညာချက်တို့အား ကြိုဆိုထောက်ခံကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – People’s Defense Force-Mandalay က ထုတ်ပြန် ထားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNTJP/MNDAA )၏ ရည်ရွယ်ချက်(၅)ခုဖြင့် ထုတ်ပြန် ကြေငြာခဲ့သော စစ်ဆင်ရေးကြီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လှိုက် လှိုက် လှဲလှဲ ထောက်ခံကြိုဆိုပါကြောင်း၊ ပြည်သူ့တစ်ရပ်လုံးကို မတရား အနိုင်ကျင့် ဒုက္ခပေးနေသော စစ် ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေးတွင် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNTJP/MNDAA) ၏ ယခုကဲ့သို့ ပိုမိုအားထည့် ပါဝင် လာ မှုသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှ တ သောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNTJP/MNDAA) တို့နှင့် တစ် သားတည်းတည်ရှိပြီး စစ်ဆင်ရေး အောင်မြင်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

အလားတူ တိုင်းရင်းသား လူမျိုးဘာသာပေါင်းစုံ အလွှာပေါင်းစုံ ပြည်သူတစ်ရပ်လုံးက ဆင်နွှဲလျက်ရှိ‌ သော နွေဦးတော်လှန်ရေးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပန်တိုင်သို့ မမှိတ်မသုန် ချီတက်လျက်ရှိပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့၏ စစ်ဆင်ရေး ပူးတွဲ ကြေညာချက်ကိုလည်း ကြိုဆိုထောက်ခံကြောင်း မန္တလေး PDF က ထပ်မံ ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ကွယ်ရေးတပ်မတော် မန္တလေးအနေဖြင့် နောင်တော်‌ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ နှင့်အတူ တစ်သားတည်း ရှိပြီး စစ်ရေးအောင်မြင်အထက်အပံ့ဖြစ်စေရေးအတွက် “တောင်သမန် စစ်ဆင် ရေး”ဖြင့် ပူးတွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article