30 C
Yangon

ဒီပဲယင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးကို ခေါင်းဖြတ်၊ မီးရှို့ သတ်ဖြတ်ပြီး ပြည်သူ ၉ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ဒီပဲယင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးကို ခေါင်းဖြတ်၊ မီးရှို့ သတ်ဖြတ်ပြီး ပြည်သူ ၉ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို ခေါင်းဖြတ်၊ မီးရှို့ သတ်ဖြတ်ပြီး ပြည်သူ ၉ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်က သိမ္ဘာကျေးရွာနှင့် ရှမ်းတောကျေးရွာ များဘက်၌ ပြည်သူ ၅ ဦးကို ဦးခေါင်း၊ ခြေလက်များဖြတ်၍ သတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ၇ စီးကြားညှပ်၍ အရှင်လက်လက်မီးရှို့ သတ်ဖြတ်ခဲ့သော ပြည်သူ ၁ ဦး ရုပ်အလောင်းနှင့် လက်ဖြတ် ခြေဖြတ် ဗိုက်ဖောက် သတ်ဖြတ်ကာ မူးမြောင်းအတွင်း ပြစ်ထားခဲ့သည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို လက်ရှိချိန်တွင် တွေ့ရှိထားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်လမ်းကျေးရွာမှ ပြည်သူ ၉ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား​ပြီး လက်ရှိချိန်အထိ စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၁၈ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက် နေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စစ်ကြောင်းထိုးနေဆဲ ဖြစ်ကာ ကျေးရွာ ၃၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် ရက်ရှည် တိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာ ဆန်၊ ဆီနှင့် ဟင်းချက်စရာများ အရေးပေါ် လိုအပ်နေသည့် အတွက် ပြည်သူများ ဝိုင်းဝန်း ကူညီကြရန် ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံ အဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article