38 C
Yangon

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ်စခန်းကို TNLA က သိမ်းပိုက် ရရှိပြီး RPG ၊ ၆၀ မမ အမြောက်၊ စက်သေနတ်များ အပါအဝင် လက်နက် ခဲယမ်း အမြောက်အမြားပါ သိမ်းဆည်းရရှိ

Must read

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ်စခန်းကို TNLA က သိမ်းပိုက် ရရှိပြီး RPG ၊ ၆၀ မမ အမြောက်၊ စက်သေနတ်များ အပါအဝင် လက်နက် ခဲယမ်း အမြောက်အမြားပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ် စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း အမြောက် အမြားပါ သိမ်းဆည်းရရှိကြောင်း တအာင်း TNLA က တရားဝင် ကြေညာသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ လားရှိုးမြို့ နယ်တွင် တအာင်းတပ်မတော် PSLF/TNLA က စစ်ကောင်စီတပ်စခန်းများဖြစ်သည့် မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိန်တန်တပ်စခန်းမှ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက် နက်ခဲယမ်းများမှာ သေနတ် ၁၄ လက်၊ RPG ၁ လက်၊ ၆၀ မမ ၂လက် ၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ ၆၀ မမ ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်း ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရို ဝိတ် တာဝါတိုင်တပ်စခန်း) ၃ ခု တို့ကို ယမန်နေ့ နံနက်ပိုင်း ၄ နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီ အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရ ခဲ့မိကြောင်း TNLA က ကြေညာသည်။

ယမန်နေ့ ၁ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက် တာ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀၊၁၀၅ မမ ဟောင်ဝေဇာအမြောက်ဖြင့် ၁၂ ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article