35 C
Yangon

ရှမ်းမြောက်တွင် စစ်ဆင်ရေး ဆင်နွှဲမည်ကို စစ်ကောင်စီက ကြိုတင်သိရှိ ခဲ့သော်လည်း စစ်ခေါင်းဆောင် ညံ့ဖျင်း၍ တော်လှန်ရေးတပ်များ အကောင်း ဆုံးတိုက်ပွဲဝင်နိုင်ဟု NUG အတွင်းဝန် က ထုတ်ဖော်ပြော

Must read

ရှမ်းမြောက်တွင် စစ်ဆင်ရေး ဆင်နွှဲမည်ကို စစ်ကောင်စီက ကြိုတင်သိရှိ ခဲ့သော်လည်း စစ်ခေါင်းဆောင် ညံ့ဖျင်း၍ တော်လှန်ရေးတပ်များ အကောင်း ဆုံးတိုက်ပွဲဝင်နိုင်ဟု NUG အတွင်းဝန် က ထုတ်ဖော်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေး ဆင်နွှဲ မည်ကို လောက်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအားဝန်ကြီး ဌာနက စစ်ကောင်စီတပ်ဖွဲ့များကို အသိပေး ထုတ်ပြန်ခဲ့သော်လည်း စစ်ခေါင်း ဆောင်က စီမံခန့်ခွဲမှု ညံ့ဖျင်း၍ တော်လှန်ရေးတပ်များ အကောင်းဆုံး တိုက်ပွဲ ဝင်နိုင်ခဲ့ဟု NUG အတွင်းဝန် က လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

“တကယ်တော့ 1027 စစ်ဆင်ရေး မစခင်မှာ စစ်ကောင်စီ ဟာ အတိုင်း အတာ တခုအထိ ရိပ်စားမိခဲ့ပါတယ်။(အောက်က စာကို ကြည့်ရင် သိနိုင်ပါတယ်) ဒီစာကို Operation မစခင် ကြိုရခဲ့တော့ ကျွန်တော်တို့ အနေနဲ့ အတော်လေး တော့ ပူပန်ခဲ့မိပါတယ်။ စကစ ကြိုတင်ရိပ်စားမှု တွေရှိနေတာ သိပေမယ့် မဟာမိတ်တွေဟာ အကောင်းဆုံး ပြင်ဆင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်မှု ၊ ရဲဝံ့တဲ့ စိတ်ဓာတ်တွေနဲ့ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပါတယ်။ တကယ်တိုက်ပွဲတွေ တိုက်တဲ့ အခါ မှာ အံအားသင့်ဖွယ် သုံးသပ်ရမိတဲ့ အချက်ကတော့ စစ်‌ကောင်စီ တပ်တွေ သတင်းကို ကြိုတင်ရိပ်စားမိခဲ့တာတောင် အသေအချာ လုံလောက် အောင် ပြင်ဆင်ထားနိုင်ခြင်း မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အောက်က တပ်ဖွဲ့ဝင်တွေလည်း ဘာမှ ကြိုသိထားပုံ မရဘူး ထင်ပါတယ်” ဟု NUG ကာကွယ် ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သုံးသပ်ပြော ဆို ထား သည်။

အကြမ်းဖက် စစ်ကောင်စီသည် လက်ရှိချိန်တွင် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ညံဖျင်းမှု လက်အောက် ငယ်သားများအတွက် ထည့်သွင်းစဉ်းစားမပေးမှုများ ပေါ်လွင်ကြောင်း၊ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အထိုးကျွေးခံ ဘဝမှ ရုန်းထွက်ပြီး အလင်းဝင်ရောက်ကျဖို့အတွက် အလေးအနက် စဉ်းစားသင့်ကြောင်း၊ ယခုကဲ့သို့ ညံဖျင်းသည့် စီမံမှုနှင့် အောက်ခြေရဲဘော်တွေကို ထိုးကျွေးအသုံးချရန် စိတ်ဓာတ်သာရှိသည့် ခေါင်းဆောင်များကို အောက်ခြေ စစ်သားများက အသက်ခန္တာနှင့် မိသားစု ဘဝများ ဆုံးရှုံး နစ်နာရသည်များသာ အဖတ်တင်မည်ဖြစ်ပြီး အောက်ခြေ စစ်သားများ အနေဖြင့် အလေးအနက် စဉ်းစား ဆုံးဖြတ်သင့်ကြောင်း ဦးနိုင်ထူးအောင်က လူမှုကွန်ရက်တွင် ဆက်လက် ရေးသားထားသည်။

“တပ်မတော်ဟာ အင်မတန် ခိုင်မာတဲ့ အင်စတီကျူးရှင်း ဆိုပြီး ပြောနေသူများ ကိုလည်း ဒီလောက် ညံဖျင်းတဲ့ ခေါင်းဆောင်တွေကို မဖယ်ရှားနိုင်တဲ့ အင်စတီ ကျူးရှင်းဆိုတာ ခိုင်မာတဲ့ အင်စတီကျူးရှင်း ဖြစ်စရာ အကြောင်းကို မရှိဘဲ အတော် ညံဖျင်းတဲ့ အင်စတီကျုးရှင်း၊ မကြာခင် ပြိုလဲပျက်စီးတော့မယ့် အင်စတီ ကျုးရှင်းသာ ဖြစ်ပါကြောင်း ‌ပြောကြားလို ပါတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article