28 C
Yangon

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိ၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာတွင် တိုက်ပွဲ ဖြစ်နေ

Must read

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိ၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာတွင် တိုက်ပွဲ ဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာတွင် တပ်စွဲ ထားသော စစ်တပ်ကို TNLA နှင့် မန္တလေး PDF တပ်များက ယနေ့ နံနက်ပိုင်း ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း TNLA က သတင်း ထုတ်ပြန်သည်။

စစ်အာဏာရှင် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ အောက်တိုဘာ ၂၉ရက် နေ့ နံနက် ၄ နာရီအချိန် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် ရောက်ရှိ တပ်စွဲနေသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ က တိုက်ခိုက်ခဲ့ရား တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း ၆ လောင်း ၊ လက်နက် ၇ လက်၊ ၆၀ မမ မော်တာ ၁ လုံး၊ လက်နက်ခဲယမ်းများစွာနှင့် စစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက်ပိုင်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာ ဘက်တွင် လည်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို တအာင်း တပ်မတော် PSLF/TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲ ဖြစ်ပွား နေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု/ ဘေးအန္တရာယ် မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် ၊ မဖြစ် မနေ ခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း တပ်ဖွဲ့တို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် အသိပေးအပ်ကြောင်း TNLA က အသိပေးချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article