35 C
Yangon

မင်းလှမြို့တွင် ပဲခူးတိုင်း စစ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်း မယားငယ်အိမ်သို့ အသွား လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှမြို့တွင် ပဲခူးတိုင်း စစ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်း မယားငယ်အိမ်သို့ အသွား လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တိုင်းစစ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းသည် သူ၏ မယားငယ်အိမ်သို့သွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သာယာ၀တီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း စစ်သားစု ဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်းသည် ဇရစ်ချောင်း ကျေးရွာနှင့် ချောင်းနားကျေးရွာ အကြား ဆိုင်ကယ်ဖြင့် သွားနေစဉ် သာယာ ၀တီ ဂဠုန် တပ်ဖွဲ့နှင့် သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၂ တို့က ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ကြောင့် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရှိရသည်။

“သူ့မယားငယ်အိမ်သွားတာကို ကျနော်တို့က စောင့်ပစ်တာ။ ခေါင်းကို တစ် ချက်၊ ကိုယ်မှာလေးချက် ။ ပွဲချင်းပြီး သေတယ်” ဟု သာယာ၀တီ ဂဠုန်တပ် ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဗိုလ်ကြီးမျိုးဆန်းဝင်းသည် ပဲခူးတိုင်းတွင် တပ်သားသစ် စုဆောင်းခြင်း ပျူစော ထီး အဖွဲ့များ ဖွဲ့စည်းရန် လိုက်လံစည်းရုံးခြင်း၊ ပြည်သူကို ခြိမ်းခြောက် ငွေညှစ် ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article