35 C
Yangon

သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းငယ်တို့ကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်အဖွဲ့များနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ အတွင်း သရက်ချောင်းမြို့မ ရဲစခန်းတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး သရက်ချောင်း မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သရက်ချောင်းမြို့မ ရဲစခန်းကို တိုက်ခိုက်တာ စစ်ခွေး ၆ ကောင်သေ ၅ ကောင်ဒဏ်ရာရတယ်။ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဒီထက်ကောင်းတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်မည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေးအသိ စစ်ရေးသတင်းများ နာစွင့်ပေးကြပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များကို ပူးပေါင်းလိုက်နာပေးကြပါလို့ ပြောချင်ပါတယ်” ဟု သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်အဖွဲ့များဖြစ်သော ထားဝယ်နဂါးတပ်ခွဲ(၂) ၊ ဒေါင်းမင်းစစ်ဆင်ရေး ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်အဖွဲ့ ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ထားဝယ်လူငယ် လက်ရုံးတပ် မဟာမိတ်ဖြစ်သော Dawei Defense Team နှင့် ထားဝယ်ပူးပေါင်းစစ်ကြောင်းတို့မှ အတူပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်များကို ထိမှန်ခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article