29 C
Yangon

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၄၀ ကျော်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ

Must read

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၄၀ ကျော်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ

■ BPLA ရဲဘော် ၄ ဦး မြင့်မြတ်စွာ ကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် BPLA နှင့် တော်လှန်ရေး မဟာမိတ်များကို ထိုးစစ်ဆင်သည့် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား အလောင်း ၄၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ စစ်တပ် ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း ဗမာ ပြည် သူ့ လွတ်မြောက်ရေးတပ်တော် BPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့ များနှင့် BPLA တပ်ဖွဲ့တို့ ဖြန့်ကျက်လှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုသို့ တပ်မ ၃၃ လက်အောက်ခံတပ်ရင်း ခမရ ၁၃ က အင်အား ၇၀ ခန့်ဖြင့် ချဥ်းကပ် လာ ကြောင်း၊ ယင်းနောက် တစ်နာရီ ကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ် သား ၂၀ ကျော်ကျဆုံးကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေး သွားခဲ့ ကြောင်း သိရှိရသည်။

ထို့နောက် မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး ရွာထဲအိမ်များမှ ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီတွင် တိုက်ပွဲကို အဆုံးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ ကျော်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံပန်း ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဗမာ ပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော် ၄ ဦး တိုင်းပြည်အတွက် မြင့် မြတ် စွာအသက်ပေးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း MA Series ရိုင်ဖယ် ၃၀ လက်၊ စက်ကလေး ၃ လက်၊ ၄၀ မမ ၆ လက်၊ ကျည် ၈၀၊ ၆၀ မမ ၂ လက်၊ ကျည် ၆၀၊ ၈၀ မမ ၁ လက်၊ ၁၀၀ မမ ၂ လက်၊ ကျည် ၁၀၊ RPG ၂ လက်/ကျည် ၁၀၊ ပစ္စတို ၂ လက်၊ Icom စက် ၃ လုံး၊ Drone detector ၁ ခု၊ WiFi Router ၁ ခု နှင့် အခြားစစ်အသုံး အဆောင် ပစ္စည်း အမျိုးမျိုးတို့ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်နေ့ ကနဦးတိုက်ခိုက်မှုတစ်ခုတွင်လည်း စစ် သား အလောင်း ၄ လောင်း၊ ရိုင်ဖယ်သေနတ် ၇ လက်နှင့် အခြားပစ္စည်း များ ကို BPLAက ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article