30 C
Yangon

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ နံနက်ပိုင်းတွင် နောင်ချို၊ သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များရှိ ရဲစခန်း၊ စစ်တပ်စခန်း ၈ ခုကို တိုက် ခိုက်သိမ်းပိုက်

Must read

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ နံနက်ပိုင်းတွင် နောင်ချို၊ သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များရှိ ရဲစခန်း၊ စစ်တပ်စခန်း ၈ ခုကို တိုက် ခိုက်သိမ်းပိုက်

■ စစ်ကောင်စီတပ်၏ အလောင်းများ၊ စစ်သုံ့ပန်းများနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့ ၁၀၂၇ စစ်ဆင် ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုး မြို့နယ်များအတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ကြောင်း တော် လှန်ရေးမဟာမိတ်အင်အားစုများက တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၄ နာရီခန့်အချိန်တွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တအာင်း တပ်မ တော် PSLF/TNLA နှင့် MDY PDF တို့က အပြီးသတ် တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ ထို့ပြင် မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်း ကျေးရွာ ဘက်တွင်လည်း ယနေ့ နံနက် ၅ နာရီ အချိန်ခန့် တော်လှန်ရေးတပ်ဖွဲ့ များကို ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်ကို တအာင်း တပ်မ တော် PSLF/TNLA နှင့် မိုးကုတ်ဗျူဟာ တပ်ရင်း ၁၂၂၁ ၊ ၁၂၂၂ ၊ ၁၂၂၃ တို့ ပူးပေါင်းတပ်ဖွဲ့တို့က အကောင်းဆုံး ခုခံ တိုက် နိုင်ခဲ့ကြောင်း သိရှိရသည်

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် “သိန္နီ” ရဲစခန်းကိုလည်း လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သိန္နီမြို့နယ်အတွင်းရှိ “နမ့်စလပ်” ရဲစခန်း ကို လည်းကောင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ယနေ့ နံနက် ၀၉ နာရီ မှ ၁၀ နာရီ ၁၅ မိနစ်အထိ အတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း သိန္နီမြို့နယ် “မာချီနော့” စစ်တပ် စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရ သည်။

ယနေ့ နံနက်ပိုင်းတွင်ပင် လားရှိုးမြို့၊ အရှေ့ဘက်ခြမ်း၊ရှိ ရန်သူ့စစ်စခန်း ၂ ခု ကို တပြိုက်နက်တည်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် တွင်လည်း ချင်းရွှေဟော်ဒေသ “ယာခုတ် ကိုက်” စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယနေ့ နံနက် ၁၀ နာရီ အချိန် မုံးကိုးခရိုင် “နမ်ယမ်” စစ်တပ်စခန်းကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ ကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်များ၏ အလောင်းအမြောက် အမြားနှင့် အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက် အမြားတို့ကို သိမ်းဆည်းရမိ သကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိ ထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article