30.5 C
Yangon

နိုင်ငံတကာ ပါလီမန်များညီလာခံတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စည်းမျဉ်းများကို ဆက်လက်ကာကွယ်ပေးသွားမည်ဟု တီမောလက်စ်‌တေ့ လွှတ်တော်ဥက္ကဋ္ဌ ပြောဆို

Must read

နိုင်ငံတကာ ပါလီမန်များညီလာခံတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စည်းမျဉ်းများကို ဆက်လက်ကာကွယ်ပေးသွားမည်ဟု တီမောလက်စ်‌တေ့ လွှတ်တော်ဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

အန်ဂိုလာနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၄၇ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ တီမောလက်စ်တေ့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစည်းမျဉ်းများကို ဆက်လက်ကာကွယ်ပေးသွားမည်ဟု မိန့်ခွန်းပြောကြားစဉ် တီမောလက်စ်တေ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hon. Madam Veneranda Lemos က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ညီလာခံ၌ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအကြောင်းများ ပြောကြားနေစဉ် ထောင်ပေါင်းများစွာသော မြန်မာပြည်သူများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့သည် အာဏာသိမ်းစစ်တပ်ကြောင့် ထိခိုက်နေရခြင်းကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

မြန်မာပြည်သူများသည် နေ့စဉ်ဖိနှိပ်ခြိမ်းခြောက်ခံနေရလျက်ရှိပြီး မြန်မာပြည်သူများသည် ၎င်းတို့အခြေခံအခွင့်အရေးအတွက် ခုခံတွန်းလှန်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် အရေးယူဆောင်ရွက်ပေးမှုများသည် မြန်မာပြည်သူများအတွက် မလုပ်ဆောင်ရသေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ထံမှလည်း အားကောင်းသော အရေးယူဆောင်ရွက်ချက်များ ရရှိသင့်ပါကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ကျင်းပခဲ့သည့် ၁၄၇ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ ကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တေ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများနှင့် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ခက်ခဲသည့်အချိန်ကာလတွင် မိမိတို့နှင့်အတူ ရပ်တည်ပြီး ကူညီပေးမှုများအတွက် တီမောလက်စ်တေ့ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article