35 C
Yangon

မန္တလေး၏ နာမည်ကျော် ဦးပိန်တံတား ကျိုးကျမှု လူအသေ အပျောက် မရှိဘဲ အနည်းငယ် ထိခိုက်ဒဏ်ရာရသူသာရှိ

Must read

မန္တလေး၏ နာမည်ကျော် ဦးပိန်တံတား ကျိုးကျမှု လူအသေ အပျောက် မရှိဘဲ အနည်းငယ် ထိခိုက်ဒဏ်ရာရသူသာရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးမြို့၊ အမရ ပူရရှိ နာမည်ကျော် ဦးပိန်တံတားသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တံတား အခန်း နှစ်ခန်း ကျိုးကျမှု ဖြစ်ပွားပြီး လူအသေအပျောက်မရှိဘဲ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသူများသာရှိကြောင်း မန္တလေး ကယ်ဆယ်ရေး အသင်းများထံမှ သိရှိရသည်။

“အဲဒီတံတားအခန်း ၂ ခုက နဂိုကတည်းက ဆွေးနေပြီ။ ဒီနေ့ လူနည်းနည်များတော့ ကျိုးကျတာ။ တံတားကျိုးတဲ့အချိန် အောက်မှာ ရေရှိတော့ အတော်ခံသာသွားတာ။ ရေမရှိရင်တော့ လူတွေ အကုန်ကြီးကြီးမားမား ထိခိုက်ကုန်မှာ။ အခုကတော့ ရေထဲပြုတ်ကျရုံပဲ။ ရေအရမ်းပြည့်နေရင်လည်း ပြုတ်ကျတဲ့သူတွေ ရေနစ်နိုင်ပေမယ့် လက်ရှိမှာက ရေကလည်း လူတစ်ကိုယ်စာရဲ့ ပေါင်ရင်းလောက်ပဲရှိတယ်။ ကြီးကြီးမားမား ဒဏ်ရာရသူ လုံး၀ မရှိပါဘူး။ အပေါ်ယံထိခိုက်ရှနာလေးတွေပဲ” ဟု မန္တလေးကယ်ဆယ်ရေးသမားတစ်ဦးက ပြောဆိုသည်။

မြန်မာသက္ကရာဇ် ၁၈၄၉ ခုနှစ် ဦးပိန်တံတားခေါ် တောင်သမန် တံတားကို ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက် အမရပူရမြို့ ဝန် ဦးဘိုင်ဆပ်နှင့် မြို့ စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့ပြီး ၁၈၅၁ ခုနှစ် တွင်ပြီးစီးခဲ့ကာ နှစ်ပေါင်း ၁၇၂ နှစ်တိုင်အောင် ကြာမြင့်နေပြီဖြစ်သော ရှေးဟောင်းတံတားတစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article