28 C
Yangon

Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်၊ စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် တိုက်တွန်း

Must read

Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်၊ စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၂၉

Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ အစည်း များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်ပြီး စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်တွန်းလိုက်သည်။

Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲအစည်း အသီးသီး၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို မိမိတို့ အနေဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မြောက် ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲအနေဖြင့်လည်း မိမိတို့ ရည်မှန်းထားသော စစ်‌ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောသည်။

စစ်ဆင်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုတိုသည် အလွန်အရေးကြီးပြီး ဤစစ်ဆင်ရေးကြီး မပြီးမချင်း တစ်သွေးတည်း၊ တစ်သားတည်းရှိရန် ဆက်လက် လိုအပ်နေဦးမည် ဖြစ် ကြောင်း၊ ထိုပြင် ဤစစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်သော မည်သည့်လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သိုမဟုတ်) သွယ်ဝိုက် ပါဝင်၍သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် သော်လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်တွန်း တောင်းဆိုထားသည်။

ဓာတ်ပုံ- AA ၊ MNDA နှင့် TNLA တို့၏ စစ်ဦးစီးချုပ် ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article