25 C
Yangon

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီ

Must read

စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆငရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာ ပြီဖြစ် ကြောင်း ကိုးကန့်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)က ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်အထိ ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာများရှိ စစ်ကောင်စီ တပ်စခန်း ပေါင်း ၁၁ ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန် ၁၀ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ ၅၇ခုရှိခဲ့ ကြောင်း ထုတ်ပြန်သည်။

မုံးကိုးဒေသ

===========

MNDAAက သည် မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကာ အောက်တိုဘာ ၂၈ ရက်နေ့ ညအချိန်တွင် စစ်တပ်၏ စခန်း ၁ ၊ ၂ ၊ ၃ နေရာ ၃ ခုကိုသိမ်းယူနိုင်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အချိန်တွင် စစ်တပ်၏ စခန်း ၄ ၊ ၅ ၊၆ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကိုကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်အချိန် ကိုးကန့် MNDAAက မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက် ကာ တပ်စခန်းကိုသိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်

============

ယနေ့နံနက် ၄ နာရီ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အချိန် MNDAAက လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိပြီး စစ်သုံ့ပန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် MNDAAက မူပန်ရဲစခန်းကိုတိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို ၄ လက်အပါအဝင် စစ်ပစ္စည်းအချို့သိမ်းရှိရကြောင်း၊ ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ ကိုးကန့်MNDAA က နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ကိုးကန့်‌ဒေသ

============

MNDAAက တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၏ နှစ်ရက်ကြာ အဆက် မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့် အဆိုပါတပ်စခန်းကို သိမ်းယူနိုင် ခဲ့ကြောင်း၊ MNDAA က အင်အားအရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုကြောင့် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ် ဝတ်ဆင်ပြီး ထွက်ပြေး ကြကြောင်း၊ စစ်သုံ့ပန် ၈ ဦး ကိုဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အအ‌လောင်း ၇ လောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ၁၅ မိနစ်ခန့် အချိန် MNDAAက ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ နောက်သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဖွဲ့၏ စကခ ၁၆ ၏ စကခမှူးသည် ကိုးကန့် MNDAA တို့၏ ထိုးစစ်တိုက်ခိုက်ချိန် သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article