33 C
Yangon

ကွမ်းလုံနှင့် နမ့်ခမ်းမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

Must read

ကွမ်းလုံနှင့် နမ့်ခမ်းမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြိုနယ်ရှိ တံတားဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကိုင် အဖွဲ့ အစည်းများ မရှိသည့် ကွမ်းလုံမြို့နယ်၊ တံတားဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး တရုတ်လူမျိုး ၄ ဦး ဗမာ လူမျိုး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတာက အမျိုးသားလား၊ အမျိုးသမီးလား တိတိကျ မသိရသေးဘူး၊ မနေ့တုန်းက အဲဒီမှာ ဖြစ်တော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ တံတားဦးရွာသားတွေ အကုန်လုံး KBC Chat ကျောင်းမှာပဲ စုနေကြတော့ အဲဒီဒေသမှာရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကပဲ လူနာတင်ယာဉ်နဲ့ လာခေါ်သွား တာ၊ လူနာတွေကတော့ ကွမ်းလုံရဲ့ဆေးရုံကြီးမှာ တင်ထားတယ်၊” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တံတားဦးကျေးရွာတွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကျေးရွာ၊ ဖန်တိန်ကျေးရွာ၊ မန်ပြိန်းကျေးရွာ၊ မက်ခံမ်ကျေးရွာ နှင့် ပန်လွီးကျေးရွာနေ ပြည်သူများမှာလည်း တံတားဦး ဘုရားကျောင်းထဲ၌ ပုန်းခိုနေကြရ ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီမှ ၈ နာရီအထိ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တအာင်းအဆိုတော် ၁ ဦး၏ နေအိမ်ထိခိုက် ပျက်စီးခဲ့ ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“မနေ့က တိုက်ပွဲဖြစ်တာဆိုတော့ ဘယ်အဖွဲ့ကနေ ပစ်တာလဲ မသိရသေးဘူး၊ ည ၇ နာရီကနေ စပစ်တာ‌ တော့ဟုတ်တယ်၊ ပစ်တော့ အကုန်လုံးက အိမ်ထဲကနေ မထွက်ရဲကြဘူး၊ အဲဒီဟာက ဘယ်ကနေ ပစ်တဲ့ လက်နက်ကြီးလည်းဆိုတာ စုံစမ်းနေတုန်းပဲ၊ ပုံတွေတော့ရထားတယ်၊ အိမ်ထိသွားတယ်၊ ပျက်စီးသွား တယ်၊ လူထိတာတော့မရှိဘူး၊” တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ကောင်းတပ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်နေမှုကြောင့် ဒေသနေပြည်သူများ တိမ်းရှောင်းနေရပြီး ည ၇ နာရီခန့်တွင် သေနတ်ပစ်သံစကြားရကာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ တအာင်းအဆိုရှင် ၁ ဦး၏ အိမ်ခေါင်မိုး၊ အကာနှင့် ပြတင်းပေါက်များ ထိခိုက် ပျက်ဆီး သွားသည့်အပြင် တရုတ်လူမျိုးတစ်ဦး၏ အိမ် ၁ အိမ်လည်း အုတ်တံတိုင်းများ ထိခိုက်ပျက်စီး သွား ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက် စစ်တပ်က မြို့လည် ဘုရားအနီးနှင့် ရွှေညောင်ပင်ဝန်းကျင်တွင် နေရာယူနေပြီး နမ့်ခမ်းမြို့ နေပြည်သူများမှာ ထပ်မံ တိုက် ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နေအိမ်များနှင့် ဆိုင်များ အားလုံးပိတ်သိမ်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ညီနောင်မဟာမိတ်တို့ အကြား ဖြစ် ပွားသည့် တိုက်ပွဲ ၅ အတွင်း ပြည်သူ ၁၁ ဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article