28 C
Yangon

၁၀၂၇ စစ်ဆင်ရေး၏ ၅ ရက်မြောက်နေ့တွင် စစ်စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၁၆ ဦးအရှင်မိ

Must read

၁၀၂၇ စစ်ဆင်ရေး၏ ၅ ရက်မြောက်နေ့တွင် စစ်စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၁၆ ဦးအရှင်မိ

■ ၅ ရက်ကြာ စစ်ဆင်ရေးအတွင်း စစ်စခန်း ၈၇ ခုသိမ်းပိုက်ရရှိပြီး မြို့ ၃ မြို့ကို အလုံးစုံ ထိန်းချုပ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ သိန္နီမြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မုံးကိုးဒေသများရှိ အကြမ်းဖက်စစ် တပ် စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကာ စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသည့် စခန်း ပေါင်း ၈၇ ခုရှိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့နှင့် သိန္နီမြို့တို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) စသည့်ဒေသများမှ စစ်ကောင်စီ၏ တပ် စခန်း ၉ ခု ကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ထပ်မံ တိုက်ခိုက်သိမ်းယူခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ကြီး စတင်ချိန်မှ စ၍ ၅ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး‌ စုစုပေါင်း ၈၇ ခုကို အောင် မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ကိုးကန့်တိုက်ပွဲ

=============

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ ၊ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ စခန်းကို MNDAA က တစ်ညလုံး အဆက်မပြတ်ထိုးစစ်တိုက်ခိုက်ပြီး အောက်တိုဘာလ ၃၁ ရက် နံ နက် ၈ နာရီ ၂၇ မိနစ်တွင် ၎င်းဒေသရှိ စစ်တပ်စခန်း ၄ ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MNDAA ၏ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သည် စစ်ယူနီ ဖောင်းချွတ်ကာ စခန်းမှထွက်ပြေးသွားကြောင်း သိရသည်။

ထို့ပြင် ကိုးကန့်ခရိုင်၊ ရှမ်းဝမ်းဒေသ ရှင်ဖင်ကိုင်ရွာ၊ တရုတ်ဘုရားကျောင်းတွင် အခြေချနေထိုင်သော စစ်ကောင်စီ၏တပ်စခန်းကို MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် အောင်မြင်စွာ သိမ်းယူခဲ့ပြီး စစ်ကောင်စီ ၇ ဦး သေဆုံးကာ လက်နက်ခဲယမ်း အချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

မူပန်(သိန္နီ)တိုက်ပွဲ

===============

အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်နေ့အထိတွင် မူပန်(သိန္နီ)ဒေသ ဟိုပန်ကျေးရွာအုပ်စု ၊ မိုင်းတင်ရော် ဘာ တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နာတိအခြေချ နေထိုင်သော ပြည်သူ့ စစ်အဖွဲ့စခန်းကို ကိုးကန့်(MNDAA)နှင့်ရက္ခိုင့်တပ်တော်(AA)တို့မှ တိုက်ခိုက်သိမ်းယူခဲ့ပြီး နာတိတပ်စခန်းတွင် ပြည်သူ့ စစ်အဖွဲ့၏ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးရရှိခဲ့ကာ ၅ ဦး သေဆုံးကြောင်း၊ ပြည်သူ့ စစ်အဖွဲ့ဝင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ထို့ပြင် စစ်ကောင်စီ၏ မူပန်(သိန္နီ)ခရိုင်၊ ဟော်ပန်ကျေးရွာအုပ်စု၏ လမ်းခွဲတွင် အခြေချထားသော တပ်စခန်းနှင့် နန်ဖုန်းကျေးရွာရှိ တပ်ရင်း ၂၉၁ ၏ တပ်စခန်း ၂ ခု ၊ ကွမ်ယုံနတ်ကျောင်းစခန်းနှင့် ကွမ်း လုံစခန်းများကို MNDAA မှ ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီမှ ၁ နာ ရီ ကြားတွင် လားရှိုးမှ စစ်ကူလာသော စစ်ကောင်စီ၏ သံချပ်ကာအဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

မုံးကိုးတိုက်ပွဲ

===========

မုံးကိုးဒေသတွင် သိမ်းပိုက်ထားသောတပ်စခန်းများကို နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်နေ သည့် အပြင် မိုးကိုးခရိုင်၊ ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့နယ်

============

အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်း မြို့နယ်ရှိ စစ်ကောင်စီ၏ “ကံ့ကော်တောင်တပ်စခန်း” ကိုလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် – ပ.သ.စ ပူးပေါင်း တပ် စခန်း ၄၅၆၁ ကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ် ကောင်စီ၏ ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်းကိုလည်းကောင်း TNLA တပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့နှင့် လားရှို့းမြို့နယ် အကြား

========================

အလားတူ အောက်တိုဘာလ ၃၁ ရက် နံနက် ၄ နာရီခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၄ စစ်ဒေသ၊ လားရှိုးနှင့် သိန္နီမြို့ကြားရှိ စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက် နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ် ကောင်စီ၏ “ရှုခင်းသာတပ်စခန်း” ကို အောက်တိုဘာလ ၃၁ ရက် နေ့တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၄ ဦးကို လက်နက်အပြည့်အစုံဖြင့် TNLA တပ်မဟာ ၁ မှ ဖမ်းဆီး ရရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ပြင် တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့နယ်၊ စစ်ကောင်စီ၏ “မိုင်းကျက် တပ်စခန်း” ကို ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီမှ စစ်ကူအဖြစ် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှလည်း ၁၂၀ မမ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်ကြီးများဖြင့် ပန်စံကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည် ဟု ဆိုသည်။

ကိုးကန့်ပြည်နယ်၊ အထူးဒေသ ၁ အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သော “ချင်းရွှေဟော်” နှင့် “ဖောင်း ဆိုင်” မြို့များအပါအဝင် “သိန္နီ” မြို့ကိုလည်း အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ရေး ပစ်မှတ်များကို ဟန်ချက်ညီ ဆက်လက် ဆင်နွှဲလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအနေဖြင့် လက်နက် ချ အလင်းဝင်ရန် အထူးတိုက်တွန်း နှိုးဆော်ထားပြီး ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အ ခြေစိုက်ထားသော ခလရ ၁၄၃ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦးအပါအဝင် တပ်ရင်း တစ်ရင်း လုံးသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့ထံကို လက်နက်ချ အညံ့ခံခဲ့ကာ စစ်လက်နက်ပစ္စည်းခဲယမ်းများနှင့် တပ်စခန်းကို အပ်နှံ ထားခဲ့သဖြင့် ကောင်းမွန်စွာ ကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article