38 C
Yangon

မိုးမိတ်၊ လားရှိုးနှင့် နောင်ချိုရှိ စစ်စခန်းများကို TNLA က ဆက်လက် တိုက်ခိုက်နေပြီး တပ်စခန်း ၁ ခု ထပ်မံ သိမ်းပိုက် ရရှိကာ စစ်သား ၁ ဦး ဖမ်းဆီးရမိ၊ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေ

Must read

မိုးမိတ်၊ လားရှိုးနှင့် နောင်ချိုရှိ စစ်စခန်းများကို TNLA က ဆက်လက် တိုက်ခိုက်နေပြီး တပ်စခန်း ၁ ခု ထပ်မံ သိမ်းပိုက် ရရှိကာ စစ်သား ၁ ဦး ဖမ်းဆီးရမိ၊ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေ

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို TNLA က တိုက်ခိုက်နေပြီး တပ်စခန်း ၁ ခု ထပ်မံ သိမ်းပိုက် ရရှိကာ စစ်သား ၁ ဦး ဖမ်းဆီးရမိထားကြောင်း TNLA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုးလိုတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁ ဦးလည်း အရှင်ဖမ်းဆီရမိကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေစဥ် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ရဟတ်ယဥ်ဖြင့် မန်တုံမြို့တွင် ၁ ကြိမ်၊ နမ့်ခမ်းမြို့နယ် မန်တက်ကျေးရွာစခန်းတွင် ၁ ကြိမ် လာရောက် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင် ကျေးရွာတွင် စခန်းချထားသော အကြမ်းဖက် စစ်သားကို တအာင်းတပ်မတော် PSLF/TNLA က သွားရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် အကြမ်းဖက် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယဥ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article