35 C
Yangon

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်များကို TNLA က တိုက်ခိုက်နေ၊ စစ်တပ်က ဆမ်မဆယ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်များကို TNLA က တိုက်ခိုက်နေ၊ စစ်တပ်က ဆမ်မဆယ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်များကို TNLA က တိုက်ခိုက်နေကြောင်း တအာင်းတပ်မတော်က တရားဝင် သတင်းထုတ်ပြန် သည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်များကို တအာင်းတပ်မတော် PSLF/TNLA + MYD PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်လျက်ရှိကြောင်း၊ အလားတူ ယနေ့ နံနက် ၉ နာရီအချိန် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက တိုက်ပွဲများ ဖြစ်ပွားနေချိန် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိရာ နောင်ချိုမြို့နယ်တွင် နို၀င်ဘာလ ၅ရက်နေ့၊ နံနက်အစောပိုင်းမှ ညနေမိုးချုပ်အထိ စစ်ကောင်စီတပ်က ၁၀၂၊ ၁၀၅ မမ ဟောင်ဝစ်ဇာ လက် နက်ကြီးများ ဖြင့် အကြိမ် ၅၀ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ကျေးရွာအနီးသို့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီအချိန်တွင် ဆမ်မဆယ်ကျေးရွာတွင် လူနေအိမ်ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article