32 C
Yangon

နောင်ချိုရှိ ကျေးရွာ ၂ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူသွားပြီး ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွား၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

နောင်ချိုရှိ ကျေးရွာ ၂ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူသွားပြီး ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွား၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီး ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကြောက်ကြမ်းရွာနှင့် နမ်တင်းဝါးရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အိမ်တံခါးများဖျက်ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း၊ စစ်တပ် စစ်ကြောင်းသည် နမ်တင်းဝါးရွာ၌ ဆိုင်ကယ် စီးနင်းနေသည့် ပြည်သူ ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့​သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နမ်တင်းဝါးရွာသား ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွား​ကြောင်း၊ လက်ရှိချိန်တွင် အုမ္မသီးရွာ၊ ရေမောင်းရွာ၊ သဲခေါ်ရွာ၊ ရွှေညောင်ပင်ရွာ၊ ဘော်ရွာ၊ အုမ္မခါးရွာ၊ ရှမ်းငုက္ခလေးရွာ၊ လယ်ကြီးတောရွာ၊ ကြောက်ကြမ်းရွာ၊ ကုန်းသာရွာနှင့် လွယ်တောင်းရွာမှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“နောင်ချိုမြို့နယ် နမ့်တင်းဝါးရွာကို စစ်ခွေးတွေ ဝင်ရောက်ပြီး ရွှေ ၊ ငွေ နဲ့ ဆန်၊ ဆီ အကုန်ယူသွားတယ်။ ဆိုင်ကယ်စီးနေတဲ့ ပြည်သူ ၁ ဦးကိုလည်း သေနတ်နဲ့ ပစ်သွားလို့ ထိခိုက်ဒဏ်ရာရတယ်။ ကြောက်ကြမ်းရွာကိုလည်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေ ပိုက်ဆံတွေ အကုန်ယူသွားတယ်။ နမ်တင်းဝါးရွာက ပြည်သူ ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း သိရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article