30 C
Yangon

ကောလင်းမြို့ကို NUG က အပြည့်အ၀ ထိန်းချုပ်ထားပြီး ပိတ်မိ ပြည်သူများအားလုံးကို ကယ်ထုတ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသော ပြည်သူများ၏ အလောင်းတချို့ရှိနေ

Must read

ကောလင်းမြို့ကို NUG က အပြည့်အ၀ ထိန်းချုပ်ထားပြီး ပိတ်မိ ပြည်သူများအားလုံးကို ကယ်ထုတ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသော ပြည်သူများ၏ အလောင်းတချို့ရှိနေ

■ စစ်ဘေးရှောင် ကောလင်းပြည်သူ ငါးသောင်းနီးပါးကို မြို့နယ်ပအဖက စောင့်ရှောက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပြည့်အ၀ ထိန်းချုပ်ထားပြီဖြစ်သည့် ကောလင်းမြို့တွင် မြို့ထဲအတွင်း ပိတ်မိခဲ့သည့် ပြည်သူများအားလုံးကို ကယ်ထုတ်ထားပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများကို မြို့တွင်းသို့ ပြန်လည် နေထိုင်ခွင့်မပြုသေးကြောင်း Kawlin Revolution -KR Team က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကောလင်းမြို့ကို NUG အစိုးရက အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး မြို့ကို လတ်တလော စစ်ရေး အခြေအနေအရ(လေကြောင်းအန္တရာယ်အရ) ပြည်သူများကို မြို့တွင်းသို့ပြန်လည်နေထိုင်ခွင့်မပြုသေးကြောင်း၊ မြို့နယ်အတွင်းရှိပအဖနှင့်ကာကွယ်ရေးတပ်များမှ စောင့်ရှောက်ထားကြောင်း၊ မြို့တွင်းမှပြည်သူ အကုန်နီးပါးကယ်ထုတ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း ဝန်းသို ၁၂၀ တပ်ရင်းက ပစ်ခတ်သော ဟောင်ဝှစ်ဇာလက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲတွင်းပစ်ခတ်မှုများကြောင်် ပြည်သူများလည်း ထိခိုက်မှုရှိပြီး ပြည်သူသေဆုံးမှုရှိကြောင်း၊ သို့ရာတွင် အတည်မပြုနိုင်သေးကြောင်း၊ စစ်ဘေးရှောင်ပြည်သူ ခန့်မှန်း ၅၀၀၀၀ ခန့်ကို မြို့နယ်ပအဖအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်နေရပြီး ဆက်သွယ်ရေးလမ်းပိတ်ဆို့မှုကြောင့် စားသုံးဆီ ၊ စက်သုံးဆီ၊ဆေးဝါး နှင့် ခြုံစောင်များ အခြေခံစားသောက်ကုန်များလိုအပ်နေကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးပြည်သူများစာရင်းကိုအချိန်တိုအတွင်းထုတ်ပြန်နိုင်ရန် ​မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူအားဆက်သွယ်ထားဆဲဖြစ်ကြောင်း၊ လက်ရှိတွင် ခန့်မှန်းပြည်သူ အလောင်း ၁၀ လောင်းခန့်ရှိနေပြီး အတိအကျ မသိရှိရသေးကြောင်း ၊ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ကောလင်းမြင်ကွင်းများ။

Photo By Kawlin Revolution-KR Team

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article