28 C
Yangon

စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ် ၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို

Must read

စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ် ၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို အထူးဆေးကုသရေးတပ်ဖွဲ့ဟု အမည်တပ်၍ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်မြေပြင်သို့ စေလွှတ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက တပ်မတော်ဆေးတက္ကသိုလ် မဟာတန်း၊ ပါရဂူတန်း အပါအဝင် ဘွဲ့လွန်သင်တန်းအားလုံးကို ယမန်နှစ် နိုဝင်ဘာလ အထိ ရွှေ့ဆိုင်း ရပ်နားလိုက်ပြီး စစ်ဆေးဆရာဝန်များကို မိမိတို့၏ မိခင်တပ်ရင်းများသို့ ပြန်၍ အင်အားဖြည့်ကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားကြောင်း၊ ယင်းနောက် စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကိုပါ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မြေပြင်များသို့ အထူးဆေးကုသရေးတပ်ဖွဲ့အမည်တပ်၍ စေလွှတ်လိုက်ကြောင်း သိရှိရသည်။

“‘ဆေးပညာ သင်ရမယ့်အချိန် မဟုတ်ဘူး စစ်တိုက်ဖို လူလိုတယ်” လို့ တပ်ချုပ်က ပြောတယ်။ စစ်ဆေးဆရာဝန်အကြီးတန်းအရာရှိတွေကိုပါ အခုတိုက်ပွဲပြင်းထန် နေတဲ့ စစ်မြေပြင်တွေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နမ့်ခမ်းနှင့်လားရှိုး စစ်မြေပြင်တွေဆီကို အထူးဆေးကုသရေးတပ်ဖွဲ့လို့ အမည်တပ် နှစ်ဖွဲ့ စေလွှတ်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတိုက်ပွဲများကြောင့် တိုက်ခိုက်ရေးတပ်များမှ စစ်သားများ သေဆုံးမှုများပြားနေချိန် အကြမ်းဖက်မင်းအောင်လှိုင်က လက်ရုံးတပ်များမှ ထုတ်နုတ်အင်အားများ ခေါ်ယူ၍ စစ်မြေပြင်သို့ စေလွှတ်ရန်၊ လက်ရုံးတပ်များအားလုံး မဖြစ်မနေ ရှေ့တန်း စစ်မျက်နှာပြင်ထွက်ပြီး တိုက်ပွဲဝင်ရန် ညွှန်ကြားမှုများ ရှိနေကြောင်း စစ်တပ်အတွင်းမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article