36 C
Yangon

မြင်းခြံမြို့နယ်၊ ပျားရွာကို စစ်တပ်က စီးနင်း ပစ်ခတ်ခြင်းကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

Must read

မြင်းခြံမြို့နယ်၊ ပျားရွာကို စစ်တပ်က စီးနင်း ပစ်ခတ်ခြင်းကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာကို အကြမ်းဖက် စစ်တပ်က စီးနင်း ပစ်ခတ်ခြင်းကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် မြင်းခြံမြို့နယ်၊ ပျားရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ပျားရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် မရွှင်းလဲ့ချို သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ပျားကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာနေပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ကြောင်းသည် ရွာထဲ၌ တပ်စွဲထားကြောင်း သိရှိရသည်။

“ပျားရွာ အနီးအနားမှာ နံနက် ၅ နာရီ ခွဲလောက်က တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက အရှေ့ဘက်ကနေ ရွာထဲကို သေနတ်တွေ ပစ်ခတ်ပြီး ဝင်လာတဲ့အချိန် ထွက်ပြေးဖို့ လုပ်နေတဲ့ မရွှင်းလဲ့ချိုနဲ့ မိခင်ဖြစ်သူကို စစ်ခွေးတွေက လှမ်းပစ်လို့ ကလေးငယ် ပွဲချင်းပြီး သေဆုံးသွားတယ်။ မိခင်လည်း ကျည်ထိမှန်ဒဏ်ရာတွေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article