36 C
Yangon

ပန်ဝါမြို့ရှိ စစ်တပ် လက်အောက်ခံ NDAK ပြည်သူ့စစ် အဖွဲ့၏ လက်နက်တိုက် မီးလောင်

Must read

ပန်ဝါမြို့ရှိ စစ်တပ် လက်အောက်ခံ NDAK ပြည်သူ့စစ် အဖွဲ့၏ လက်နက်တိုက် မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ခွဲ ပန်ဝါမြို့ရှိ စစ်တပ် လက်အောက်ခံ NDAK ပြည်သူ့စစ် အဖွဲ့၏ လက်နက်တိုက် မီးလောင် ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပန်ဝါမြို့ရှိ စစ်တပ် လက်အောက်ခံ ဇခုန်တိန့်ယိန်း ခေါင်းဆောင်သော ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့စစ်အဖွဲ့၏ လက်နက်တိုက် မီးလောင်ပြာကျသွားပြီး ရှို့မီးဖြစ်နိုင်ကြောင်း ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

“ဘာတိုက်ပွဲမှ မဖြစ်ဘူး။ မီးလောင်တာ မီးရှို့ခံရတာထင်တယ်။ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့ရဲ့ လက်နက်တိုက်ပါ။ ဒေသခံတွေ ပျော်နေကြတယ်။ အဲပြည်သူ့စစ် ကောင်တွေက ညအချိန်မတော် ရမ်းကား တာတွေ အမြဲလုပ်တယ်။ ၅/ တွေဆို ဖိနှိပ်တယ်။ လက်နက်တိုက် ပေါက်ကွဲရာကနေ ထွက်လာတဲ့ မိုင်းစတွေက မြို့ပေါ်က နေရာ တစ်ချိုကိုကျတယ်။ အရှိန်နည်းနည်းနဲ့ ကျလာပါ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ လက်နက်တိုက်တွင် ဗုံးသီးများ၊ ကျည်ဆံများနှင့် လက်နက်မျိုးစုံ ထားရှိပြီး မီးငြိမ်းသတ်ရန် လက်နက်တိုက် အနီးအနားပင် ကပ်၍ မရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article