30 C
Yangon

ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး

Must read

ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်မြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေ ဆုံးပြီး ၂၁ ဦးလက်နက်ချအညံ့ခံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်မှ နိုဝင်ဘာလ ၅ ရက် ည ၇ နာရီခန့်အထိ ကောလင်းမြို့ သိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer ၄ ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၉ တပ်မှ ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီး အင်အား ၅၇ ဦးက အထက်တန်းကျောင်း၌လည်းကောင်း ၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၁ ၊ ၁၂၀ တပ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်လင်း ဦးစီးပြီး အင်အား (၄၀) ခန့်က အထွေထွေအုပ်ချုပ်ရေးရုံး၌ လည်းကောင်း ၊ ဒုရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီး ရဲအင်အား ၆၆ ဦးက ရဲစခန်း၊ ရွှေနွယ်ဖြိုး လက် ဖက် ရည်ဆိုင်နှင့် မီးရထားဘူတာတို့၌ လည်းကောင်းတပ်စွဲကာ ထိန်းချုပ်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် ၁ တပ် ရင်း၊ အမှတ် ၂ တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူး ပေါင်း အဖွဲ့တို့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် တပ်ရင်း ၃ တပ်ရင်း ၄ နှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲ ၃ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက် တာတိုက်လေယာဉ်နှင့် ကန့်ဘလူမြို့ တကရ-၆၀၀၆ မှ တက်လာသည့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေ ကြောင်း တိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊ စစ်ဦးစီးရုံးက ထုတ်ပြန် ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article