29.6 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ဝန်းကျင် သေသွားပြီး ၊ ၂၁ ဦးက လက်နက်ချ အညံ့ခံ ခဲ့သလို ၊ တိုက်ပွဲအတွင်း PDF ရဲဘော် ၃ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ကနေ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ၁၄ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၆၀ လောက်အထိကို မဟာမိတ်ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်ရရှိထားပြီး ၊ တစ်နိုင်ငံလုံးက မြို့ ၈ မြို့ကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်က ပါစင်ကျော်ကျေးရွာအနီးမှာ ပိတ်မိနေတဲ့ ပြည်သူ တွေဟာ စားဝတ်နေရေး ခက်ခဲနေပြီး ၀ပြည်နယ်ထဲကို စစ်ဘေးရှောင်ချင်တယ်ဆိုရင်လည်း ဖုန်းနဲ့ အိတ်တွေအားလုံး စုပုံထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article