30 C
Yangon

မင်းအောင်လှိုင်ရဲ့ ကိုးနဝင်း ယတြာ ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေ ပေါ် တွေကို တန်ခိုးကြီးဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေပါ မလွတ်တန်း လိုက်လံကပ်လှူ

Must read

မင်းအောင်လှိုင်ရဲ့ ကိုးနဝင်း ယတြာ ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေ ပေါ် တွေကို တန်ခိုးကြီးဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေပါ မလွတ်တန်း လိုက်လံကပ်လှူ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကိုးနဝင်း ယတြာ အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် တွေကို နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းတွေကို လုပ်ဆောင်ရာမှာ တန်ခိုးကြီးဘုရားတွေနဲ့ ဘုန်းကြီးတွေကိုပါ လိုက်လံ ကပ်လှူနေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အမိန့်နဲ့ ယတြာ ချေခိုင်းနေတာဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံတစ်ဝန်း ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ စစ်သားတွေ သေဆုံးမှုများပြားနေသလို့ စစ်တပ်တွေမှာ မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ယတြာချေ ရွတ်ဖတ်ခိုင်းနေတာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ ၉ ရက်တာ နေ့စဉ် နံနက် ၉ နာရီအချိန် မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို တပ်ရင်းတပ်ဖွဲ့များအာလုံးမှာ ရွတ်ဖတ် ရမှာ ဖြစ်ပြီး ရွတ်ဖတ်မယ့် ရဲမေတွေအနေနဲ့ ယောဂီ ဝတ်စုံကို ဝတ်ဆင်ပြီး ၉ ပါး သီလ ခံယူ၍ ရွတ်ဖတ် ပူဇော်သွားရမယ်လို့ စစ်ကောင်စီက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခြင်း မပြုမီ ဘုရားကျောင်းဆောင်ရှေ့မှာ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနဲ့ မုန့်လုံး ရေပေါ် ၃ လုံး စီထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်ကို ဦးစွာ ကပ်လှူပူဇော်ရမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက် ယတြာကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလို မပျက်မကွက် လုပ်ဆောင်ဖို့ကို တပ်နယ်မှူးများက ကြီးကြပ်ရမှာဖြစ်တယ်လို့ ညွှန်ကြားပါတယ်။

ရန်ကုန်မှာဆိုရင် ရွှေတိဂုံစေတီတော်၊ မန္တလေးမှာဆိုရင် မဟာမြတ်မုနိဘုရား စတဲ့ တန်ခိုးကြီးဘုရားတွေမှာ နံနက် ၉ နာရီမတိုင်မီ ကျောက်ကျော၊ ဘယာကြော်နဲ့ မုန့်လုံးရေပေါ် တွေကို စစ်တပ်က သွားရောက် ကပ်လှူကြတဲ့အ‌ပြင် နာမည်ကြီး ဘုန်းကြီးကျောင်း တွေကို အချိုပွဲ လှူဒါန်းမှုအဖြစ် ယတြာ ကျောက်ကျော၊ ဘယာကြော်နဲ့ မုန့်လုံးရေပေါ်တွေ ချိုင့်တွေနဲ့ပေးပို့ ကပ်လှူနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မန္တလေး မဟာမြတ်မုနိမှာ ကပ်လှူထားတဲ့ ကျောက်ကျော၊ ဘယာကြော်နဲ့ မုန့်လုံးရေပေါ် ယတြာအချိုပွဲနဲ့ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားစာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article