38 C
Yangon

ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်

Must read

ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA က ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် အဆိုပါ တံတားတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်မဲနဲ့ သီပေါအကြား ကျင်သီတံတားပျက်စီးနေတယ်။ သီပေါဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပဲ။ ကျောက်မဲမြို့မှာလည်း ပစ်ခတ်သံတွေ ဆူညံနေတယ်။

ကျင်သီတံတားကို အခုမနက်ပိုင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့က သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီ သိမ်းပိုက်ခံရတဲ့ နေရာကို စကစက လက်နက်ကြီး နဲ့ အခုအချိန်အထိ အဆက် မပြတ် ပစ်ခတ်နေတယ်။

ကျောက်မဲ မြို့၊ အမြောက်တပ် ၅၀၂ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် သီပေါ ကျောက်မဲလမ်း၊ ဘော်ကြို သကြားစက်နားမှစတင်၍ လမ်းပိတ်ထားကြောင်း၊ ကျောက်မဲ သီပေါသွားမရတော့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article