30 C
Yangon

မြန်မာပြည်သူများဖက်မှ ရပ်တည်ပြီး အကြမ်ဖက်စစ်အုပ်စုကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) မှ ဖယ်ရှားပေးဖို့ တော်လှန်ရေးအဖွဲ့များနဲ့ အရပ်ဘက်အဖွဲ့များ တောင်းဆို

Must read

မြန်မာပြည်သူများဖက်မှ ရပ်တည်ပြီး အကြမ်ဖက်စစ်အုပ်စုကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) မှ ဖယ်ရှားပေးဖို့ တော်လှန်ရေးအဖွဲ့များနဲ့ အရပ်ဘက်အဖွဲ့များ တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၂

လာမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) အပါအဝင် ၄င်းနဲ့ဆက်စပ် ဆွေးနွေးဖက်နိုင်ငံတွေ ပါဝင်တဲ့ ADMM-Plus အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို ပါဝင်ခွင့် မပေးဖို့အတွက်

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာကို လက်ရှိ ADMM အစည်းအဝေးတွေရဲ့ ဥက္ကဌ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၊ အခြားအာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံအထွေထွေ အတွင်းရေးမှူးတို့ထံ ပေးပို့ တောင်းဆိုထားတယ်လို့လည်း သိရတာပါ။

အဆိုပါ အိတ်ဖွင့်စာထဲမှာ အဓိကတောင်းဆိုချက်အနေနဲ့ လာမယ့် ADMM နဲ့ ADMM Plus အစည်းအဝေးတွေမှာ-

– မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှု ရှိစေဖို့နဲ့

– မြန်မာနိုင်ငံကိုယ်စား လက်ရှိဆောင်ရွက်နေတဲ့ တရားဝင်အခန်းကဏ္ဍ အားလုံးကနေ စစ်အုပ်စုကို ဖယ်ရှားဖို့/ ပါဝင်ခွင့်မပေးဖို့ တောင်ဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ADMM နှင့် ဆက်စပ်အစည်းအဝေးတွေဟာ စစ်ကောင်စီကို တရားဝင်မှု ပေးရုံသာမက နည်းပညာပိုင်းကိုပါ အထောက်အပံ့ဖြစ်စေပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက် ပြုလုပ်ရာ ရောက်နေတယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ADMM-Plus စုဖွဲ့မှုထဲမှာတော့ အာဆီယံ ၁ဝ နိုင်ငံနဲ့အတူ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့က ဆွေးနွေးဖက်အဖြစ် ပါဝင်နေပါတယ်။

အထူးသဖြင့် ADMM-Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှာတော့ မြန်မာနဲ့ ရုရှ နိုင်ငံတွေက ပူးတွဲဥက္ကဌအဖြစ် လက်ရှိတာဝန်ယူထားပါတယ်။

ရုရှနိုင်ငံရဲ့ ယူကရိန်းကို အကြမ်းဖက် စတင်ကျူးကျော်ဝင်ရောက်ပြီးချိန်မှစလို့ နောက်ပိုင်း ဒီရုရှနဲ့မြန်မာ ဦးဆောင်နေတဲ့ ADMM-Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွေနဲ့

စစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့ တက်ရောက်ခြင်း မရှိတော့ဘူး လို့လည်း သိရပါတယ်။

ရာဇဝတ်မှုတွေကို ရာထောင်ချီ ကျူးလွန်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီကတော့ အဆိုပါ အာဆီယံ ADMM-plus ဆက်စပ်အစည်းအဝေးတွေမှာ NUG အစိုးရနဲ့ PDF တွေကို အကြမ်းဖက်သမားများအဖြစ်

လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ပုံဖော်ပြောဆိုလေ့ရှိတဲ့အပြင်၊ ၄င်း(NUG/ PDF) တို့ကို တိုက်ခိုက်ရာမှာ အသုံးပြုနိုင်တဲ့ နည်းဗျူဟာတွေကိုပါ လူပုံအလယ် ဆွေးနွေးခဲ့ကြတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဆိုထားပါတယ်။

အဆိုပါ အစည်းအဝေးတွေဟာ “PDF တွေကို ချေမှုန်းရာမှာ အကျိုးရှိတယ်” လို့ အကြမ်းဖက်စစ်တပ်ရဲ့ မြန်မာအလင်းသတင်းစာမှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက အတိအလင်း ဝန်ခံရေးသားခဲ့ပါသေးတယ်။

ADMM ရဲ့ ၁၇ ကြိမ်မြောက် အစည်းအဝေးနဲ့ ADMM Plus ရဲ့ ဆယ်ကြိမ်မြောက် အစည်းအဝေးတွေကို လာမယ့် နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ အဆိုပါ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး၊ အိတ်ဖွင့်စာ ပေးပို့မှုမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Defend Myanmar Democracy အဖွဲ့မှ ကိုနော်အောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့-

“အာဆီယံဟာ သူရဲ့ ထိပ်သီးဆွေးနွေးပွဲကလွဲလို့ ကျန်အစည်းအဝေး တော်တော်များများမှာ အကြမ်းဖက်စစ်တပ်ကို မြန်မာလူထုကို ကိုယ်စားပြုအနေနဲ့ တက်ရောက်စေတာကို တွေ့ရပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ် ပါဝင်နေတဲ့ အာဆီယံရဲ့ ADMM နဲ့ ADMM-Plus အစည်းအဝေးတွေ၊မြေပြင်လေ့ကျင့်မှုတွေဟာ ကျွန်တော်တို့ကို သတ်ဖြတ်နေတဲ့ လူသတ်သမားတွေကို လေ့ကျင့်ပေးသလိုဖြစ်နေပြီး၊

ဒါဟာ အကြမ်းဖက်မှုကို မီးထိုးပေးနေရုံ သက်သက်သာ ဖြစ်နေတယ်” လို့ ပြောပါတယ်။

အာဆီယံအနေနဲ့ ADMM အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ကို ပါဝင်စေတဲ့လုပ်ရပ်ကြောင့် ၄င်းတို့ရဲ့ လက်ကို သွေးစွန်းစေမှာ ဖြစ်သလို၊ အာဆီယံဟာ ADMM ကတဆင့် စစ်အုပ်စုရဲ့

ရက်စက်ကြမ်းကြုပ်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်သွားစေမှာ ဖြစ်တယ်လို့လည်း ၄င်းက ဆိုပါတယ်။။

ခက်ခဲမှုတွေ ရှိမှာဖြစ်ပေမယ့် အာဆီယံအနေနဲ့ NUG ကို တရားဝင်အစိုးရအနေနဲ့ အသိမှတ်ပြုပြီး၊ ADMM နဲ့ ADMM Plus အစည်းအဝေးတွေမှာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးကို မြန်မာကိုယ်စားပြု တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ ကိုနော်အောင်က ဆက်ပြောပါတယ်။

“ADMM နဲ့ ADMM Plus အစည်းအဝေးတွေမှာ စစ်အုပ်စု ပါနေသရွေ့၊ အာဆီယံက စစ်တပ်ကို စစ်ရေးနည်းပညာတွေ၊ လက်နက်ကိရိယာတွေ ပံ့ပိုးနေသရွေ့ ကျွန်တော်တို့တွေ ဒီထက်မက ဒုက္ခရောက်ဖို့ပဲ ရှိတယ်။

ဒါကြောင့် မြန်မာပြည်သူလူထုကို တိုက်ရိုက် ထိခိုက်နစ်နာစေတဲ့ အာဆီယံရဲ့ လုပ်ရပ်တွေကို ကမ္ဘာက အာရုံစိုက်လာအောင် ထောက်ပြပြောဆိုပြီး၊

ပြည်တွင်း ပြည်ပဖိအားနဲ့ အာဆီယံရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်အောင် လုပ်ဆောင်ဖို့ လိုနေပါပြီ” လို့လည်း ၄င်းက ဆက်ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article