29 C
Yangon

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH) က အတည်ပြုသည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ကြိုတင် ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် မြိတ်နှင့် ထားဝယ် နိုင်ငံရေးအင်အားစုများက ကန့်ကွက်

Must read

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH) က အတည်ပြုသည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ကြိုတင် ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် မြိတ်နှင့် ထားဝယ် နိုင်ငံရေးအင်အားစုများက ကန့်ကွက်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH) က အ တည် ပြုလိုက်သည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြို တင်ပြင်ဆင်ရေး ဥပဒေမူကြမ်း အပေါ် မြိတ်နှင့် ထားဝယ်ရှိ နိုင်ငံရေးအင်အားစုများက ကန့်ကွက်လိုက်ကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့မှ တိုင်းလွှတ် တော် ကိုယ်စားလှယ်များက လွတ်တော်ခေါ်ယူကာ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ ရွေးချယ်တင် မြှောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော ကြားကာလအစီအမံ၊ ကြားကာလ ဖွဲ့စည်း ပုံ အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်း အတည် ပြုလိုက်ကြောင်း NLD ပါတီက ထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH)က ဖွဲ့စည်းထားသော ၅ ဦးကော်မတီက မြိတ် ခရိုင် နိုင်ငံရေးအင်အားစုကို နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း၊ ယင်း တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းအတွင်း ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော် မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ရေးကို ဆွေးနွေး ချပြခဲ့ကြောင်း သိရသည်။

ယင်း အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကြိုတင်အသိပေးထားမှုမရှိခြင်းနှင့် ပွင့်လင်းမြင်သာ မှုမ ရှိခြင်း၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစုမှ ချမှတ်ထားသော မူဝါဒ၊ လမ်းစဉ်များနှင့် ကိုက်ညီမှုမရှိခြင်းတို့ ကြောင့် လက်ခံသဘောတူခြင်းမရှိခဲ့ကြောင်း၊ထို့အပြင် တနင်္သာရီတိုင်း (သို့) ပြည်နယ်အတွင်းရှိ တော် လှန်ရေး၊နိုင်ငံ ရေးအင်အားစုများနှင့် တိုင်းရင်း သား လူမျိုးစုအစုအဖွဲ့ပေါင်းစုံပါဝင်သော တနင်္သာ ရီတိုင်း (သို့) ပြည်နယ်ဖက်ဒရယ်ကောင်စီမှသာ ကြားကာလအစီအမံဆိုင် ရာ ကိစ္စရပ်များကို လုပ်ဆောင်သင့် သည့် ပြန်လည်အကြံပြုဆွေးနွေးခဲ့ကာ မြိတ် ခရိုင်နိုင်ငံရေးအင်အားစုအတွင်း ပြန်လည်‌ဆွေးနွေး၍ အ ကြောင်း ပြန်ကြားမည်ဟု အသိပေးခဲ့ကြောင်း မြိတ်ခရိုင်နိုင်ငံရေးအင်အားစုက ထုတ်ပြန်ထားသည်။

သို့သော်လည်း တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH)က ဖွဲ့စည်းထားသော ၅ ဦးကော်မတီက မြိတ်ခရိုင်နိုင်ငံရေး အင်အားစု၏ အကြောင်း ပြန်ကြားချက် သဘော ထားကို ရယူခြင်းမရှိဘဲ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းထုတ်ပြန် ချက်အမှတ် (၁၅/၂၀၂၃)၌ “အင်အားစုများကိုဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင် အထည် ဖော်သည်”ဟု ဖော်ပြထားခြင်းသည် ဒေသအတွင်းရှိ နိုင်ငံရေးအင်အား စုများ၏သဘောထား၊ ဆွေးနွေး ချက် များ အပေါ် အပြန်အလှန်လေးစားမှုမရှိခြင်း၊ ပြည်သူလူထု၏အသံများအား မထီမဲ့မြင်ပြုနေခြင်း ကို အထင်အရှားဖော်ပြနေကြောင်း ထောက်ပြထားသည်။

ထို့ပြင် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေခြင်း၊ ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစုများ အချင်းချင်းအကြား ယုံကြည်မှုပျက်ပြားစေနိုင်ခြင်း၊ အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်ခြင်း၊ တနင်္သာရီတိုင်းကို ဖက်ဒရယ် ယူနစ်တစ်ခုအဖြစ် အကောင် အထည်ဖော်ဆောင်နေသော လုပ်ငန်းစဉ်များအား အခက်အခဲဖြစ်စေနိုင်ပြီး နိုင်ငံရေးအရ ပဋိပက္ခဖြစ်စေနိုင်ခြင်း စသည့်အကြောင်းများကြောင့် မြိတ်ခရိုင်နိုင်ငံရေး အင်အားစုမှ လုံးဝ(လုံးဝ) လက်ခံသဘောတူနိုင်ခြင်းမရှိကြောင်း နိုင်ငံရေးအင်အားစုများက ကန့်ကွက်ကြသည်။

ယခုလုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရက ကြွေးကြော်ထားသော ဖက်ဒရယ် ဒီမို က ရေစီ ပြည်ထောင်စုသစ်တစ်ရပ်ကိုဖော်ဆောင်မည်ဟူသည့်အချက်ကို သွေဖည်နေပြီး ယခုလက်ရှိ နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်သော လုပ်ရပ်ဖြစ်သည့်အတွက် တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRTH) အနေ ဖြင့် နောက်နောင်မည်သည့်အခါမျှ ထိုသို့ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သတိပေးထားသည်။

အလားတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကလည်း တနင်္သာရီ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) သည် “တနင်္သာရီဖက်ဒရယ် ယူနစ် ကြားကာ လ အစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း” ကို ပွင့်လင်းမြင်သာမှု လုံးဝ (လုံးဝ) မရှိဘဲ အတည် ပြုခဲ့ခြင်းမှာ ဒေသအတွင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူ လူထုအပေါ် မထီမဲ့မြင်ပြုသည့် အာ ဏာရှင် စရိုက်လက္ခဏာဖြစ်ကြောင်း၊ CRTH ၏ ပြုမူလုပ်ဆောင်ခဲ့ခြင်းသည် ပြည်သူလူထုက ယုံကြည် စွာ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား လုပ်သည့်အပြင် “ဖက်ဒရယ်ဒီမိုကရေစီ ပ‌ဋိ ညာဉ် ” ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ကတိကဝတ်များ၊ မျှော်ရည်ချက်၊ စံတန်ဖိုး၊ အနှစ်သာရများနှင့် သွေဖည်ဆန့် ကျင်နေကြောင်း သုံးသပ်ထောက်ပြထားသည်။

ထို့ပြင် CRTH သည် ဒေသအတွင်းရှိ တော်လှန်ရေးအစုအဖွဲ့များနှင့် ပြည်သူ လူထု ဆန္ဒသဘောထား လုံးဝ (လုံးဝ) မပါဝင်ဘဲ ပါတီခိုင်းသမျှ တသွေမတိမ်း အတည်ပြုပြဌာန်းခဲ့သည့် “တနင်္သာရီ ဖက်ဒရယ် ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ” အား ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ(ထားဝယ်ခရိုင်)- (DDMSC) လုံးဝ(လုံးဝ) လက်မခံ ဆန့်ကျင်ကန့် ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article