30 C
Yangon

တောင်ငူမြို့ ၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

Must read

တောင်ငူမြို့ ၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ တောင်ငူမြို့ ၊ ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့်လည်း စစ်ကူပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီကတည်းက တောင်ငူမြို့ နှင့် ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသံများနှင့် ပစ်ခတ်သံများကို တစ်ညလုံး ကြားရကြောင်း၊ ယနေ့ နံနက်ပိုင်းအထိပါ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က စစ်တောင်းတံတားပေါ်တွင် တပ်များ အလုံးအရင်းချထားလိုက်ပြီး တပ်စွဲထားကြောင်း၊ တောင်ငူမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခံရမည်စိုးရိမ်၍ တောင်ငူရှိ တပ်များအားလုံးကို မြို့ကို ကာကွယ်ရန် ပြင်ဆင် ထားကြောင်း သိရှိရသည်။

“တောင်ငူ ၄ မိုင်မှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ စစ်ခွေးတပ်က တောင် ငူ စစ်တောင်းတံတားပေါ်မှာ အထိုင်ချလိုက်ကြတယ်။ တင့်ကားတွေနဲ့ စစ်တောင်းတံတားကို ပိတ်ထားတယ်။ စစ်တောင်းတံတားကနေ လက်ကကြီးတွေ ပစ်ကူပေးတယ်။ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ဗုံးကျဲနေတယ်။ မနေ့ည ၁၁ နာရီလောက်အထိ တောင်ငူမြို့ပေါ်ကနေ လက်နက်ကြီးသံတွေကြားရတယ်။ အခုတင်ကို Mi35 ရဟတ်ယာဉ်နဲ့ပစ်နေတယ်။ စစ်ကူတွေလည်း လွှတ်နေတယ်လို့ သိရတယ်” ဟု တောင်ငူမြို့ခံများက ပြောဆိုကြသည်။

လက်ရှိ တောင်ငူမြို့ပေါ်ကိုလည်း အထိုင်တပ်များက ခုခံစစ်ပြင်ဆင်နေကြပြီး မြို့ပတ်ပတ်လည်ကို လုံခြုံရေး အပြည့်ချထားကာ ကာကွယ်ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

ဓာတ်ပုံ- တောင်ငူမြို့နှင့် ၄ မိုင်အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်း ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article