27 C
Yangon

စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆို

Must read

စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆို

ရန်ကုန် ၊နိုဝင်ဘာ ၁၉

စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသည့် မြို့နယ် ၅ ခုတွင် အင်တာနက် ဆက်သွယ်ရေး တိုးချဲ့မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး ရန်ပုံငွေရှာဖွေမည့် Federal Net Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကပြောသည်။

လက်ရှိ စစ်ကောင်စီက အင်တာနက် ဆက်သွယ်ရေးဖြတ်တောက်ထားပြီး တော်လှန်ရေးအားကောင်းသည့် မြို့နယ် ၅ ခုတွင် အင်တာနက်ဆက်သွယ်ရေး မြန်နှုန်းမြင့် ပိုမိုကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး ဘဏ္ဍာရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း၊ Federal Net Campaign အတွက် ဘဏ္ဍာရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းရရှိရေး ရှာဖွေ သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး၏ အဆိုအရ သိရှိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာပေါင်း ၅၂ နေရာကျော်တွင် အမျိုးသားညီညွှတ်ရေးအစိုးရက ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်သော ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ထားပေးထားပြီး ယခုတော်လှန်ရေးအားကောင်းရာဒေသ ၅ ခုတွင် အင်တာနက်ဆက်သွယ်ရေးကောင်းမွန်စေရန် အတွက် Federal Net Campaign လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

NUG ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးထားသည့် ဆက်သွယ်ရေးစနစ်သည် ပြည်သူ လူထု၏ အခြေခံကျသည့် လူမှုရေးလုပ်ငန်းများ၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သတိ ပေးချက် ကောင်းမွန်စွာဆောင်ရွက်ပေးနိုင်သည့်အပြင် မြေပြင်ရှိတော်လှန်ရေးအင်အားစုများ အချင်းချင်း ချိက်ဆက်ပြောဆို ဆောင်ရွက် ရာ တွင် ဘေးကင်းလုံခြုံပြီး ယုံကြည်ချရသည့် ဆက်သွယ်ရေး စနစ်များ ထူထောင်ပေးနိုင်ခဲ့ကြောင်း ဝန်ကြီး ဦးထင်လင်းအောင်ကပြောသည်။

ယင်းကဲ့သို့ အင်တာနက်ရရှိခြင်းကြောင့် အုပ်ချုပ်ရေးအဖွဲ့များနှင့်တော်လှန်ရေးအဖွဲ့များချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တာမျိုးရှိသလို လူမှုကယ်ဆယ်ရေးလုပ် ငန်းများလည်း လုပ်ဆောင်နိုင်လာကြောင်း၊ လုံခြုံရေး အရ အင်တာနက်ကို အကုန်လုံးဖွင့်သုံးခွင့်မပေးနိုင်သေးသော်လည်း တော်လှန်ရေးအဖွဲ့အားလုံးဖြင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုနေကြောင်း ဝန်ကြီးကရှင်းပြသည်။

ထို့ပြင် Federal Net Campaign ပြီး၍ လအနည်းငယ်အတွင်း Federal Net Corporation ပေါ်ပေါက် လာပါက လူထုကိုပါ အင်တာနက်ပေးလာနိုင်မည်ဖြစ်ကြောင်း၊ နေရာအနှံ့ပြန့်ကျဲနေသည့် တော်လှန်ရေး အဖွဲ့များကို အင်တာနက်ဆက်သွယ်ရေး ပေးနိုင်အောင်ဆောင်ရွက်နေပြီး တဆက်တည်းမှာပင် လူထုကိုပါ အင်တာနက်ဆက်သွယ်ရေး ပေးနိုင်အောင်ကြိုးစားသွားမည်ဖြစ် ကြောင်း ၊ဆက်သွယ်ရေးကဏ္ဍတွင် NUG ကိုယ်ပိုင် Infrastructure တည် ဆောက်ထားပြီးဖြစ်ကြောင်း၊ လူထုကို အင်တာနက် အသုံးပြုခွင့်ပေးနိုင်ပါက ဆက်သွယ်ရေး ကဏ္ဍမှ စစ်ကောင်စီထံ စီးဆင်းနေသည့် ဘဏ္ဍာငွေကို တားဆီးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးထင်လင်းအောင်ကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article