27 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

Must read

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော လုပ်သက် ၁၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သော စစ်ကောင်စီ တပ်သား ၁ ဦးသည် ခင်ဦးမြို့နယ် ပကဖ နှင့် ဆက်သွယ် ချိတ်ဆက်ပြီး အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားသည် MA1 အမျိုးအစား လက်နက် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နှင့် 5.56 ကျည် ၂၃၆ တောင့်တို့ကို ခင်ဦး မြို့နယ် ပကဖထံ အပ်နှံပြီး အလင်းဝင်ရောက်လာမှုကို မြို့နယ် ပကဖ မှ လက်ခံ၍ ကာကွယ်ရေးဝန်ကြီးဌာန ၏ သက်ဆိုင်ရာဌာနသို့ မှတ်တမ်း ဓာတ်ပုံများနှင့်အတူ တင်ပြထားပြီး ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ် ပကဖ က ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ခင်ဦးမြို့ပေါ် ရေဦးလမ်းထွက် (ဗလီကွေ့) မှ စစ်ကောင်စီ တပ်သားများကို မြို့နယ် ပကဖ မှ ဝင်ရောက် စီးနင်း တိုက်ခိုက်၍ MA1 လက်နက် ၂ လက် ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article