25 C
Yangon

NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံရောက်ရှိနေပြီး မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ

Must read

NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံရောက်ရှိနေပြီး မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိပြီး မြန်မာနိုင်ငံသားများတွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ အခမ်းအနားတွင် ဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ​၏ နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံ​ရေးဖြစ်​ပေါ်တိုးတက်မှုအ​ခြေအ​နေများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် တက်ရောက်လာသော ဧည့်ပရိသတ်များ၊ ဂျပန်လူမျိုးများက မေးမြန်းသည့် ​မေးခွန်းတချို့ကို ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မြန်မာ့နွေဦးတော်လှန်ရေးတွင် စိတ်အားထက်သန်စွာဖြင့်ပါဝင်ကူညီပေးနေကြသော၊ တက်ရောက်လာကြသူများနှင့် စေတနာ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article